ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မောရှမ်းဖွင့်ဖြိုးတိုးတက်ရေးကုမ္ပဏီအဖွဲ့ တွေ့ဆုံ

တောင်ကြီး ဖေဖေါ်ဝါရီ - ၈

 883

   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်းသိရသည်။

   ပထမဦးစွာ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဌ ဦးကျော်ပြောမှ အဆောက်အဦလုပ်ငန်းနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးပြီး၊ မောရှမ်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဦးမှ လုပ်ငန်းဆောက်လုပ်မည့် စီမံကိန်း ရည်မှန်းချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့ပြုလုပ်ရန် သိရှိလိုကြောင်းနှင့် မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြင့်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့က ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တော၊ သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှ လယ်ယာမြေကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးရာ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဌမှ လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြီး၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာနမှ ပြည်နယ်မှူးက လယ်ယာမြေများ စိုက်ပျိုးမြေများနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးသွားကြောင်းသိရသည်။

  ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို ထည့်သွင်းစဉ်းစားရန်၊ မြေအသုံးချမှုနှင့် ပတ်သက်၍ မြေယာပိုင်ဆိုင်မှုသည် မည်သူပိုင်ဆိုင်ကြောင်း၊ လယ်ယာမြေများ ဟုတ်မဟုတ်စိစစ်ရန် ဆွေးနွေးချက်များအားလုံးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို  ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများ ပါဝင်ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အတွက် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားသွားကြောင်းသိရသည်။

                                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 130 guests and no members online