ရှမ်းပြည်နယ်သတင်းများ

(၂၀၁၅)ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို၊ မူကြိုကျောင်းကလေးငယ်များ အားကစားပြိုင်ပွဲ ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၉

 888

   ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် ကိုယ့်အားကိုယ်ကိုးမူကြို၊ ပုဂ္ဂိုလ်ကမူကြို ကျောင်းပေါင်း(၃၀)ရှိ အင်အား(၃၁၂)ဦးနှင့် ဖေဖေါ်ဝါရီ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ပြည်နယ်အားကစားကွင်း၌  မူကြိုကျောင်းကလေးငယ်များ အားကစားပြိုင်ပွဲကျင်းပကြောင်း သိရသည်။

   ဆက်လက်၍ အားကစားပြိုင်ပွဲတွင် ပရဟိတဂေဟာမှ အားကစားနည်း(၆)မျိုးနှင့် ကျောင်း(၇)ကျောင်း၊ အင်အား(၉၀)ဦး ယှဉ်ပြိုင်ကြပြီး၊ မူကြိုကျောင်းအဆင့်တွင် ကလေးများ ဉာဏ်ရည်ထက်မြက်သွက်လက်စေရန် အားကစားနည်း(၇)မျိုးဖြစ်သည့် နို့ဆီဗူးစီ၊ အားလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ပင်ပေါင်လုံး ရောင်စုံကောက်ပြိုင်ပွဲ၊ ရေသန့်ဗူး ရေထည့်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ထိုင်ခုံနေရာလုပြိုင်ပွဲ များဖြင့် မူကြိုကလေးများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဆုရရှိသည့်ကလေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတို့မှ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူ များကို ဆုများချီးမြှင့် ပေးခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 115 guests and no members online