ရှမ်းပြည်နယ်သတင်းများ

၂၀၁၅ ခုနှစ်၊ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံပြည်ထောင်စုကျောက်တိုင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၁၂

 894

   ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၁၅ ခုနှစ်၊ (၆၈)နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားကို ပင်လုံမြို့၊ ပြည်မတောင်တန်းပူးပေါင်းရေးစာချုပ်၊ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့်၊ ပင်လုံ ပြည်ထောင်စုကျောက်တိုင်၌ ဖေဖေါ်ဝါရီလ (၁၂)ရက်၊ နံနက်(၀၉:၄၅)နာရီက စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ အခမ်းအနားမစတင်မှီ နံနက်(၈)နာရီခွဲမှ စတင်၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စန်မြို့နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ၊ တောင်ကြီးမြို့တွင် ရောက်ရှိနေကြသည့် ရှမ်းပြည်နယ်( အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့်  တောင်ပိုင်း)များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများက ပင်လုံပြည်ထောင်စုကျောက်တိုင် ပန်းခြံဝင်းတွင် ဝင်ရောက်နေရာယူကြသည်။ နံနက်(၉:၃၅)တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာ ပြည်ထောင်စုကျောက်တိုင်ကွင်းသို့ ရောက်ရှိလာရာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များ အခမ်းအနားတက်ရောက်လာကြသူများက အိုးစည်ဗုံမောင်တီး၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များဝှေ့ယမ်း၍ လိုက်လှဲစွာကြိုဆိုကြသည်။

895

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်အား တပ်မတော် အလံစောင့်တပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘောင်အပေါင်းအား အလေးပြု ခြင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက သစ္စာအစိဌာန်လေးချက် ရွတ်ဆိုခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂအဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော (၂၀၁၅)ခုနှစ်၊ (၆၈)နှစ်မြော်က ပြည်ထောင်စုနေ့ သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဖတ်ကြားပါသည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုခြင်းအစီအစဉ်ကို ဆောင်ရွက်ပါသည်။

896

   ဆက်လက်၍ အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ပင်လုံစာချုပ်ကျောက်တိုင် (ပြည်ထောင်စုကျောက်တိုင်)၏ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းမှူးတို့က အမွှေးနံ့သာများ ပက်ဖျန်းပေးပြီး၊ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးပြီးနောက် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြသည်။

897

   ထို့နောက်(၂၀၁၅)ခုနှစ်၊ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များက "စည်းလုံးခြင်းအတွက်" သီချင်းတစ်ပုဒ် တေးသီးချင်းသီဆို၍ ပြည်ထောင်စုစိတ်ဓါတ် အပြည့်အဝဖြင့် စုပေါင်းပျော်ရွှင်စွာကကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူလူထုများ ကလည်း နိုင်ငံတော်အလံငယ်များ ဝှေ့ယမ်း၍ စည်းချက်ညီညီ တစ်ပျော်တစ်ပါးဆင်နွှဲကြပြီးနောက် (၂၀၁၅)ခုနှစ်၊ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

898

  အဆိုပါ (၂၀၁၅)ခုနှစ် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရာ ပင်လုံပြည်ထောင်စု ကျောက်တိုင်သို့ ပြည်ထောင်စု တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၀၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                                                                  မိုးလွင်ဦး(လွိုင်လင်)

899

900

901

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 101 guests and no members online