(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲ ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၁၂

902

(၂၀၁၅)ခုနှစ်  (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံ ဖျော်ဖြေပွဲကို ဖေဖေါ်ဝါရီ(၁၂)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

အခမ်းအနားတွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို တည်ခင်းဧည့်ခံပြီး၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ ဖျော်ဖြေရေးဖြင့်တင်ဆက်၍၊  (၆၈)နှစ် မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ တက္ကသိုလ်အဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

ဆက်လက်၍ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ (၁၇)ဖွဲ့အား ဂုဏ်ပြုဆုငွေအဖွဲ့(၁)ဖွဲ့ လျှင် ငွေကျပ်(၁၀)သိန်းချီးမြှင့်၍ ဂုဏ်ပြုပန်းခြင်းလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

903

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းစစ် ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)