ရှမ်းပြည်နယ်သတင်းများ

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်နှင့် မြန်မာနိုင်ငံကလေးများနေ့ ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၁၃

904

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ဖေဖေါ်ဝါရီလ(၁၃) ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရကလေးများအား ဆုချီးမြှင့်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းမှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အကြီးတန်းအဆင့် မူကြို ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အငယ်တန်းအဆင့် မူကြိုကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းမှ ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။

905

ဆက်လက်၍ မူလတန်းကြိုကျောင်းဆုရရှိသူများမှ ဆုရကဗျာရွတ်ဆိုဖျော်ဖြေခြင်းနှင့် ပဒေသာကပွဲများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်ကြီးမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းမှ မူကြိုကလေး များနှင့် မိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 118 guests and no members online