ရှမ်းပြည်နယ်သတင်းများ

လောက်ကိုင်ဒေသစစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အားပေးကြည့်ရှုခြင်းနှင့် ဒဏ်ရာရ အရာရှိစစ်သည်များအား အားပေးကြည့်ရှုခြင်း

တောင်ကြီး   မတ်   ၁၀

945

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ပညာရေးမှူး ဒေါ်ငွေအေးတို့သည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ၊ ရတနာဒီပသာသနာပြုကျောင်း တိုက်နှင့် ဉာဏသိပ္ပံရပ်ကွက်ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်တွင် ရောက်ရှိနေသော လောက်ကိုင်၊ ချင်းရွှေဟော်မြို့နယ်များမှ(၂၀၁၄-၂၀၁၅) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး၊ ရတနာဒီပသာသနာပြုကျောင်းတိုက်ဆရာတော်နှင့် သာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်တို့ အား အလှူငွေကျပ်(၁)သိန်းခွဲစီ စုစုပေါင်း(၃)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ (အ.ထ.က- ကွမ်းလုံ) တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုမည့် စာဖြေဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရ အရာရှိ စစ်သည်လူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး၊ ဒဏ်ရာရအရာရှိစစ်သည်(၈)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂)သိန်း(၄)သောင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

   နေ့လည်ပိုင်းတွင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့သည် ကွမ်းလုံမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်း၊ ပရဟိတအသင်း၊ ချက်ပြုတ် ကျွေးမွေးရေးအသင်းများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ဝန်ကြီးများနှင့်အဖွဲ့သည် ကွမ်းလုံဆေးရုံမှ ဒဏ်ရာရစစ်သည်များအား ကြည့်ရှု အားပေးခဲ့ပြီးနောက် ကွမ်းလုံမြို့နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် လောက်ကိုင်စစ်ဘေးရှောင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ အား သွားရောက်အားပေးပြီး၊ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 127 guests and no members online