ရှမ်းပြည်နယ်သတင်းများ

လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ်(၂၀၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀၀)ပြား အလေးချိန်(၁.၀၃)ကီလို အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိ

လားရှိုး      မတ် − ၁၂

 948

   ၁၁-၃-၂၀၁၅ ရက်နေ့ ၁၁၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုး မှ တပ်ဖွဲ့ဝင်များနှင့် လားရှိုး ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် စောင့်ဆိုင်းနေစဉ် စယ်အူကျေးရွာ မှ လားရှိုးမြို့ဘက်သို့ ဆိန့်ဝမ်(ကျား)မောင်းနှင်ပြီး လုံဖူ(ကျား) စီးနင်း လိုက်ပါလာသော ၄၁ယ/၄၂၈၈၀ နံပါတ်ပါ Haojue – 150 အမျိုးအစား နီ/နက်ကြား ဆိုင်ကယ်အား ရပ်တန့်ခိုင်းစဉ် ဆိန့်ဝမ်(ကျား)မှ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းထွက်ပြေးရန်အားထုတ်သဖြင့် တပ်ဖွဲ့ဝင်များမှ ဝိုင်းဝင်းဖမ်းဆီးစဉ် ပြန်လည်ခုခံတိုက်ခိုက်၍ လုံးထွေးဖမ်းဆီးခဲ့ပြီး သက်သေများနှင့်အတူ စစ်ဆေးရှာဖွေ ရာ ၎င်း၏ခန္ဓာကိုယ်တွင် လွယ်ထားသော LEVI’s စာတမ်းပါ ကာကီရောင်ဂျင်းလွယ်အိတ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ငယ်အတွင်းထည့်လျှက် 88 နှင့် 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ(၅၁)ထုပ်၊(၁၀၀)ပြားပါ(၁)ထုပ်၊ စုစုပေါင်းဆေးပြား(၅၂)ထုပ်၊ ဆေးပြား(၁၀၃၀၀)ပြား၊ အလေးချိန်(၁.၀၃)ကီလိုဂရမ်နှင့် မြန်မာငွေစက္ကူတစ်ထောင်ကျပ်တန်(၁၀၀)ရွက်၊ စုစုပေါင်းမြန်မာငွေကျပ်(၁)သိန်းအား ရှာဖွေတွေ့ရှိရာ ဆိန့်ဝမ်(ကျား)မှ လုံဖူ(ကျား)နှင့်အတူ ၎င်းကိုယ်တိုင် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများဖြစ်ကြောင်းပြောပြပေးအပ်သဖြင့် သိမ်းဆည်းခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူနှင့် ရောင်းချပေးလိုက်သူ (က) ဆိန့်ဝမ်(ကျား)၊ အသက်(၃၆)နှစ်၊ (ဘ)ဦးချောက်တယ်၊ ၁၃/ကလတ(နိုင်)၀၃၂၅၉၂၊ မြောင်းစီး/နတ်၊ တောင်ယာ၊ ဘူတာရပ်ကွပ်၊ နောင်ချိုမြို့။(ခ) လုံဖူ (ကျား)၊ အသက်(၃၉)နှစ်၊ (ဘ)ဦးချောက်ဝမ်၊ TMN -၀၁၆၂၈၅၊မြောင်းစီး/နတ်၊ တောင်ယာ၊ စယ်အူကျေးရွာ၊ သိန်းနီမြို့နယ် နှစ်ဦး တို့အားလားရှိုးမြို့မရဲစခန်း မယ(ပ) ၃၃/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

                                                                                                                                                                                  ဟန်ဌေး(iprd)

                                                                                                                                                                                    ခရိုင်ပြန်/ဆက်

                                                                                                                                                                                         လားရှိုး

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 106 guests and no members online