ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးမြို့၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတ စာသင်ဆောင် ဆောက်လုပ်မှုအား ပြည်နယ်ဝန်ကြီးမှ ကြည့်ရှုစစ်ဆေး

တောင်ကြီး   မတ်   ၁၃

949

   တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်အတွင်းရှိ ဓမ္မဝိဒူဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ စာသင်ဆောင်သည် ရှမ်းပြည်နယ်အစိုးရ၏ မတည်လှူဒါန်း ငွေကျပ်သိန်း(၂၀၀)နှင့် အလှူရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း(၁၅၇)သိန်းဖြင့် ဆောက်လုပ်လျက် ရှိရာ ပြီးစီးမှုအနေအထားနှင့် လိုအပ်ချက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် သွားရောက်ကြည့်ရှုပြီး၊ လုပ်ငန်းပြီးစီးမှုနှင့် လိုအပ် ချက်များကို ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးရဲဖေမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး များမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

   အဆိုပါ ဓမ္မဝိဒူဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတတွင် ကျောင်းသားဦးရေ(၁၈၀)ဦးရှိပြီး၊ မူလတန်းပညာရေးကိုသာ သင်ကြားနေရာမှ ယခုနှစ်တွင် နိုင်ငံတော်မှ မူလွန်အဆင့်သင်ကြားခွင့် ခွင့်ပြုခဲ့ပါသဖြင့် ကျောင်းစာသင်ဆောင်များ၊ စာသင်ခန်း များ လိုအပ်လျက်ရှိသောနေရာများကို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သဖြင့် လွန်စွာဝမ်းသာပီတိဖြစ်ရကြောင်း၊ ကျောင်းထိုင်ဆရာတော် ဦးဆန္ဒရာဇာဘိဝံသမှ မိန့်ကြားချက်အား ကြားသိရပြီး၊ ယခုဆောက်လုပ်ဆဲ ကျောင်းဆောင်သစ်မြေညီထပ် ပြီးမြောက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

                                                                                                                                                                            သန်းထူး(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 106 guests and no members online