ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး မတ်  ၁၄

 952

   ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ခရိုင်၊မြို့နယ်၊ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်း၍ အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မတ်(၁၄)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ အထူးကုသမားတော်ကြီးများနှင့် ဆရာဝန်ကြီးများ၊ သူနာပြုများပါဝင်သည့် အဖွဲ့သည် ကျောက်တလုံးကြီးမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသားပြည်သူများအား အခမဲ့ ဆေးဝါးကုသ ပေးခဲ့ကြောင်းသိရသည်။

   ဆေးဝါးကုသရာ ကျောက်တလုံးကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ရှမ်းြုပည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာမိုးဆွေ၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ဌာနအဆိုင်တာဝန်ရှိသူများတို့သည် သားဖွားနှင့်မီးယပ်၊ သွားနှင့်ခံတွင်း၊ တိုင်းရင်းဆေး၊ အရိုးအကြော၊ အထွေထွေကုသရမည့်လူနာများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသစေပြီး၊ ထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးများတို့သည် ဆေးရုံအတွင်းရှိ ဆေးသိုလှောင်ခန်း၊ ဓါတ်မှန်ခန်း၊ ခွဲစိတ်ခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

953

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းစာခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိကာ ဌာနဆိုင် တာဝန်ရှိသူများ ၊ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ မီးလင်းရေးကော်မတီ၊ ရေရရှိရေးကော်မတီ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ကော်မတီအသီးသီးတို့မှ တင်ပြချက်များကို ပေါင်းစပ်ညိုနှိုင်းဆောင်ရွက်ပေးပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့သည် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိ သူတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိစစ်ဆေး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် နှင့် နောင်ခဲစာကြည့်တိုက်တို့အတွက် (၂)စုံကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့မှ ထွက်ခွာလာရာ နောင်ခဲ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိလာပြီး ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျောင်းစာသင်ခန်းနှင့်စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ယာများ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးများတို့မှ ကျောင်းဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် သစ်ပင်များ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ကျောင်းပိုင်ပစ္စည်းများအား စနစ်တကျထားသိုရန်နှင့်စာသင်ခုံများအား အသစ်မွမ်းမံပြင်ဆင်ကြရန် ကျောင်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြ ကျောင်းတိုက်သို့ရောက်ရှိကာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်မှ အသစ်ဆောက်လုပ်လျက် ရှိသော အဆောက်အဦသစ်အတွက် အလှူငွေကျပ်သိန်း(၃၀)ကို ကျောင်းထိုင်ဆရာတော်ထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

 

                                                                                                                                                                                          ခွန်အာကာ(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 101 guests and no members online

Latest Updates