ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှ

တောင်ကြီး     မတ်      ၁၅

951

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှင့်အလှူရှင်များကောင်းမှု ဖြင့်ဆောင်ရွက်သော မျက်စိဝေဒနာရှင်များအခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို မတ်လ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၊ သံဃာဆေးကုဆောင်ရှေ့တွင်ကျင်းပသည်။

950

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျွန်တော်တို့ မြန်မာ ဆိုရိုးစကားရှိ 'မျက်စိအဆုံး နားအရှုံး'ဟူသောစကားသည် မျက်စိမမြင်သောသူသည် အသက်ရှင်လျက် ဘဝဆုံး သည်နှင့် ဘာမှမခြားနားဟုအဖွင့်အမှာစကားပြောကြားသည်။ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင်က မျက်စိဝေဒနာရှင်များ စုစုပေါင်း(၃၀၀၀)ဦးရှိသည်ဟု မျက်စိဝေဒနာရှင်များအတွက် အခမဲ့စမ်းသပ် ခြင်းနှင့် ခွဲစိတ်ကျသခြင်းအတွက် လိုအပ်သည့်အလှူငွေများကို အလှူခံ၍ ကုသပေးခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀)ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကိုကိုကလက်ခံရယူ၍လည်းကောင်း၊ Mother Trading Co.,Ltd မှ ဦးအောင်မြတ်၏ကိုယ်စားတစ်ဦးက အလှူငွေကျပ်သိန်း(၃၀၀)ကို ပေးအပ်လှူဒါန်းရာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တည်ဆောက်ရေးစီမံကိန်းမှ ဆရာဝန်ကြီးများ အသွား/အပြန်လေယာဉ်စရိတ်နှင့် အဲယားကွန်း(၃)လုံးအပါအဝင် အခြားလှူဒါန်းမှုအစုစုတန်ဖိုးငွေကျပ်သိန်း(၃၀) အား စက်ရုံမှူး ဦးတင့်ဆွေမှပေးအပ်လှူဒါန်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက လက်ခံရယူ၍လည်းကောင်း၊ ဦးဖုန်းကြွယ်+ဒေါ်ခင်ခင်စိန် မိသားစု၊ ညောင်ရွှေမြို့မှလှူဒါန်းငွေကျပ်(၃)သိန်းအား အလှူရှင်ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုမှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးကလက်ခံရယူခဲ့ကြကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး၊ ယနေ့စုစုပေါင်းလှူဒါန်းငွေ မှာ ကျပ်(၃၈၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

   ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကိုကိုက ရန်ကုန်မြို့မှ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ တောင်ကြီးမြို့ပေါ်မှ မျက်စိအထူးကုဆရာဝန်များနှင့် ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးဝ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဖက်ရှိလူမှုရေးအသင်းအဖွဲ့များနှင့် မျက်စိဝေဒနာရှင်များ၊ ပြည်သူလူထုများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို (၁၅.၃.၂၀၁၅)ရက်နေ့မှ (၁၉.၃.၂၀၁၅) ရက်နေ့ထိ (၅)ရက်အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)