ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ပညာဗောဓိလမ်း၊ ဗောဓိတောင်ကုန်း၊ ဗုဒ္ဓတက္ကသိုလ်သံဃာတော်များနားနေဆောင်ကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနား

တောင်ကြီး   မတ်   ၁၇

954

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ် ဆရာတော်သံဃာတော်များ နားနေဆောင်အဆောက်အဦးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဗောဓိတောင်ကုန်း၊ ပညာဗောဓိလမ်း ဆရာတော်သံဃာတော်များနားနေဆောင် ဆောက်လုပ်ခြင်းနှင့် ဗုဒ္ဓတက္ကသိုလ် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို မတ်လ ၁၇ ရက်နေ့ နံနက်(၀၇းဝ၀)နာရီတွင် ဗုဒ္ဓတက္ကသိုလ်ကျောင်း တည်ဆောက်ရာကွင်း၊ ဆရာတော်သံဃာတော်များ နားနေဆောင်အဆောက်အဦး တည်ဆောက်ရာနေရာတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်ခဲ့သည်။

   အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ဗုဒ္ဓတက္ကသိုလ် ဆရာတော် သံဃာတော်များနားနေဆောင် ပန္နက်တင်ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ထံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်အဖွဲ့များသည် ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ပြည်နယ်ဝန်ကြီးများက ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများကို ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်ခဲ့ကြပြီး၊ ပင့်သံဃာတော်များ၊ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပရိသတ်များက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အောက်စဖို့(စ်)ဆရာတော် ဒေါက်တာအရှင် ဘဒ္ဒန္တဓမ္မသာမိထံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ရေစက်ညွှန်းချီးမြှင့်ခြင်းအား နာယူကြည်ညိုကြပြီး ပရိသတ်များနှင့်အတူ အမျှပေးဝေသာဓုခေါ်ခဲ့ကြသည်။

   ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပန္နက်တင်မည့် ကျောင်းမြေနေရာအမှတ်(၁)၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ပန္နက်တင်မည့် ကျောင်းမြေနေရာအမှတ်(၂)၊ ရှမ်းပြည်နယ်ဝန်ကြီးများက ပန္နက်တင်မည့်ကျောင်းမြေနေရာအသီးသီးတွင် နေရာယူ ပြီး၊ မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများဖြင့် ကိုးချက် ရိုက်၍ ပန္နက်တင်မင်္ဂလာပြုလုပ်ပေးပြီး၊ ရတနာပန္နက်တော်များအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်ခဲ့ကြသည်။

   ဗုဒ္ဓတက္ကသိုလ်ပန္နက်တင်မည့် ကျောင်းမြေနေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အလှူရှင် ပြည်သူလူထုများနှင့် ဖိတ်ကြားထားသောပရိသတ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ပန္နက်တင် မင်္ဂလာအခမ်းအနား အောင်မြင်စွာပန္နက်တင်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                                                                စိုင်းသန်းကျော် (တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yinn-kyar ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်နှင့် မိုးနဲမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 108 guests and no members online