ရှမ်းပြည်နယ်သတင်းများ

ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်း သင်တန်းဖွင့်လှစ်

တောင်ကြီး   မတ်   ၂၃

961

   မြန်မာသတင်းသိပ္ပံ Myanmar Joumalism Institute (MJI)က ကြီးမှူး၍ (၂၀၁၅)ခုနှစ် မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်းသင်တန်းကို မတ်(၂၃)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပကြောင်း သိရသည်။

   သင်တန်းတွင် သင်တန်းနည်းပြ Mr. Francois Gerles နှင့် မြန်မာ့သတင်းသိပ္ပံ (MJI) ဘာသာပြန် ဒေါ်မေသက်ဇော်၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဇင်၊ ဒေါ်လဲ့လဲ့သင်းတို့က ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များကို ရယူရေးသားတတ် စေရန်၊ ရွေးကောက်ပွဲတွင် သတင်းများခြုံငုံဖော်ပြပေးနိုင်ရန်၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ သတင်းအချက်အလက်မှန်ကန်စွာရေးတတ်ရန်၊ မဲဆန္ဒရှင် များ မဲဆန္ဒနယ်မြေအခြေအနေသတင်းများ၊ အင်တာဗျူးမေးခွန်းများ မေးမြန်းရေးသားတတ်စေ ရန်၊  မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲများတို့ကို ရှင်းလင်းဆွေးနွေးသင်ကြားပို့ချခဲ့ ကြောင်း သိရသည်။

   သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)မှ သတင်းမီဒီယာ(၁၂)ဦး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ သင်တန်းကာလကို မတ်(၂၃) ရက်မှ (၂၇)ရက်ထိ (၅)ရက်ကြာ၍ သင်တန်းကို နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 100 guests and no members online

Latest Updates