ရှမ်းပြည်နယ်၏ ဒေသန္တရ အချက်အလက်များ

ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေသတ်မှတ်ရန် ရည်ရွယ်ကြောင်းကြေညာခြင်း

ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေသတ်မှတ်ရန် ရည်ရွယ်ကြောင်းကြေညာခြင်း

0

1

2

3

4

5

6

7

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၁၁

74

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၁၁ ရက် နံနက် ၁၀နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မဟ်မူဒီယာအာရ်ဗီအထက်တန်းနှင့် ကုရ်အာန်အာဂုံဆောင် ကျောင်းအုပ်ချုပ်မှုကော်မတီ၊ ကန်သာရပ်ကွက်၊ တောင်ကြီးမြို့မှ အလှူငွေကျပ် (၂၅)သိန်း၊ မုန်းဝန်းဗမာယဉ်ကျေးမှုအဖွဲ့မှ အလှူငွေကျပ် (၂၅)သိန်း၊ မဟာယနယူနန်ဘုံကျောင်းမှ အလှူငွေကျပ်သိန်း (၂၀၀)နှင့် ငွေကျပ်သိန်း(၇၀)တန်ဖိုးရှိ N-95 (၂၀၀၀)ခုနှင့် Non Contact Thermometer (၅၀)ခုတို့ကို လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အတွင်းဆောင်ရွက်မည် ယူနီဆက်စီမံကိန်းများမိတ်ဆက်

တောင်ကြီး ဖေဖော်ဝါရီ- ၂၂

38

၂၀၂၀-၂၀၂၁ ခုနှစ်ရှမ်းပြည်နယ်အတွင်းဆောင်ရွက်မည့် ယူနီဆက်စီမံကိန်းများမိတ်ဆက်ရှင်းလင်းခြင်းကို ဖေဖော်ဝါရီ(၂၂)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ Royal Taunggyi Hotel၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ပြည့်နှစ်တွင်ရှမ်းပြည်နယ်သည် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပံ့ပိုးသည့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငွေကြေးထောက်ပံ့မှုအစီအစဉ် (Mother and Child Cash Transfer -Programme -MCCT) ကိုစတင်အကောင်အထည်ဖော်ရန် ဦးစားပေးရွေးချယ်ခံရသည့် အတွက်အလွန်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထောက်ပံ့မှုအစီအစဉ်တွင် လူမှုဝန်းထမ်းဦစီးဌာနကFocal Department အနေဖြင့်ဦးဆောင်ဦးရွက်ပြုပြီး၊ အထွေထွေအုပ်ချုပ်ရေးဌာနနှင့်ပေါင်းစပ်ကာ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးတစ်သိန်းခန့်ကို “ဘဝရှေ့ဆောင်ရက်တစ်ထောင်” ဆောင်ပုဒ်နှင့်အညီ အာဟာရပြည့်အစားစာများ ဖြည့်စွက်စားသုံးနိုင်ရန် လစဉ်ထောက်ပံ့ကြေးများကို သုံးလတစ်ကြိမ်ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁တွင် ယူနီဆက်ကဆောင်ရွက်မည့် ဘက်စုံထောင့်စုံအကျိုးပြုလုပ်ငန်းများကို ဆက်လက် ပူးပေါင်းကူညီဆောင်ရွက်သွားမည့်ဖြစ်သည့်အတွက် ထပ်လောင်းပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်ပြည်သူလူထု အတွက် အထူးသဖြင့် ကလေးငယ်များအတွက်ပညာရေး၊ ကျန်းမာရေး၊ အာဟာရဘက်စုံဖွံ့ဖြိုးမှု ကာကွယ် စောင့်ရှောက်ခံနိုင်မှုတို့ကို တောရောမြို့ပါဝေးလံဒေသနှင့် စစ်ဘေးရှောင်စခန်းပါမကျန်ရလေအောင် သက်ဆိုင်ရာ အစိုးရဌာနများနှင့်လက်တွဲပြီး ပံ့ပိုးကူညီပေးနိုင်ရန်ပြောကြားသွားသည်။

ဆက်လက်၍ယူနီဆက်ဌာနေကိုယ်စားလှယ် Ms.June Kunugi UNICEF Representative မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစီမံချက် လုပ်ငန်းစီမံချက်စာအုပ်အား ရှမ်းပြည်နယ် အစိုးရသို့ တရားဝင်လွှဲအပ်ခြင်းကို Ms. June Kunugi ကပေးအပ်ရာရှမ်း ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

ဦးစားပေးစက်မှုလက်မှုကဏ္ဍ ၉ ခုအောက်ရှိ လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP)ရေးဆွဲရန် အချိန်ကာလ တိုးမြှင့်သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၁၆/ ၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ  ၁၇  ရက်

ဦးစားပေးစက်မှုလက်မှုကဏ္ဍ ၉ ခုအောက်ရှိ လည်ပတ်ဆောင်ရွက်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan- EMP)ရေးဆွဲရန် အချိန်ကာလ တိုးမြှင့်သတ်မှတ်ခြင်း

a1a2a3a4

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 116 guests and no members online

Latest Updates