မူလသို့
Shan State Government Office

ရှမ်းပြည်နယ်

inlay

Inle

festival

Festival

kaku

Kakku Pagodas

panglong

Pang Long

ရှမ်းပြည်နယ်သတင်းများ

article thumbnail

တောင်ကြီး မေ - ၂၇ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွ [ ... ]

article thumbnail

တောင်ကြီး    မေ   -  ၂၇ ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မေ(၂၇)ရက်နံနက်ပိုင်းက COVID-19 ရောဂါ ဖြစ်ပွားနေချိန်အတွင်း ပြည်သူများ စားဝတ်နေရေး အခက်အခဲမရှိစေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ကေ [ ... ]

article thumbnail

တောင်ကြီး၊ မေ - ၂၆  စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ တည်းခိုခန်းများနှင့် ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)ကို မေ ၂၆ ရက်၊ နံနက် (၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည် [ ... ]

article thumbnail

  လားရှိုး မေ - ၂၅ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တို့သ [ ... ]

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အသိပေးရှင်းလင်းထုတ်ပြန်

တောင်ကြီး အောက်တိုဘာ ၁၆

 

   ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်ထုတ် စံတော်ချိန်နေ့စဉ် အတွဲ(၁)၊ အမှတ်(၁၇၇)တွင် "မြေကွက် သိမ်းဆည်းခံထားရခြင်း၊ ဂရန်မြေလျှောက်ထားခွင့်မရှိခြင်း သတင်းစာရှင်း" ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နမ့်ခိုက်တိုးချဲ့ကွက်သစ်၊ နမ့်ခိုက်ဘုန်းတော်ကြီးကျောင်း၏ မြောက်ဘက်ရှိ မြေကွက်သုံးကွက် သိမ်းဆည်းခံထားရခြင်းနှင့် ဂရန်မြေလျှောက်ထားခွင့်မရရှိခြင်းတို့နှင့် ပတ်သက်၍ ယင်းမြေကွက်ပိုင်ရှင်များက သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်က ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ်ကွန်ယက်ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သတင်းထောက် အိဟေမာက ရေးသားဖော်ပြခဲ့သည်။

 

   ထပ်မံ၍ ယင်းသို့ မြန်မာဂျာနယ်လစ်ကွန်ယက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် သတင်းအား သတင်းတမန်(Envoy)နယူးစ်ဂျာနယ် အတွဲ(၄)၊ အမှတ်(၂၀)တွင်လည်း သတင်းထောက် ငြိမ်းငြိမ်းက ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ စံတော်ချိန်နေ့စဉ်နှင့် သတင်းတမန် နယူးစ်ဂျာနယ်ပါ ရေးသားဖော်ပြချက်များသည် အခြေအမြစ် လုံးဝမရှိသည့် အပြင် သက်ဆိုင်ရာ ပိုင်ဆိုင်မှုအငြင်းပွားသူ ကာယကံရှင်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အဆိုပါ ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်အား တစ်ဖက်သတ် ဥပဒေနှင့် အညီ မဟုတ်သော၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တမင်ကြံရွယ် လုပ်ဆောင်ခြင်းသာလျှင် ဖြစ်သည်။

 

   ထို့ပြင် သက်ဆိုင်ရာ နေ့စဉ်သတင်းစာ၊ ဂျာနယ်နှင့် သတင်းထောက်တို့အနေဖြင့်လည်း လွတ်လပ်စွာ ဖော်ပြခွင့် (Freedom of Press) ဆိုသော်လည်း သတင်း၏ အခြေအမြစ် ရှိ/မရှိနှင့် သတင်း၏ တိကျမှန်ကန်ခိုင်မာမှု ရှိ/မရှိ တို့အား စိစစ်သင့်ပြီး သတင်းသမားကျင့်ဝတ် (Code of Ethics)အရလည်း တာဝန်ယူမှု (Responsibility) နှင့် တာဝန်ခံမှုများ (Accountability)များ ရှိကြရမည်ဖြစ်သည်။

 

   အခြေအနေမှန်မှာ အငြင်းပွားလျက်ရှိသောမြေသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၉)၊ ကွင်းအမှတ်(နမ့်ခိုက်တိုးချဲ့)၊ မယ်ဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမြောက်ဘက်ရှိ မြေဧရိယာ(၁.၃၂၇)ဧကနှင့် ပတ်သက်ပြီး ယခုအခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ လတ်တလောစီမံခန့်ခွဲဆောင်ရွက်နေဆဲကိစ္စ ဖြစ်သည်။

 

   သို့ပါ၍ အသေးစိတ်သိရှိလိုပါက ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်  အတွင်းရေးမှူး ဦးသိန်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှစ်ဦး ထံသို့  စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးရှင်းလင်းတင်ပြပါသည်။

 

( ရှမ်းပြည်နယ်အစိုးရအဖွဲ့ )

 

သတင်းထုတ်ပြန်ချက်

မြေယာ
Thursday, 15 June 2017
article thumbnail

သဝဏ်လွှာ

article thumbnail

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်အစိုးရအဖွဲ့   ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ထံမှ ၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ   ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ့   ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့်  [ ... ]

ဗီဒီယို မှတ်တမ်းများ

movie

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 128 guests and no members online