We have 99 guests and no members online

တောင်ကြီး ဒီဇင်ဘာ   -   ၄

new 828

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်၏ ရုံးခန်းမ၌ Video Conferencing စနစ် Online meeting ဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက်ဆွေးနွေးကြမည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်အားဖြည့်ပေး သည့်အနေဖြင့် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့နှစ်ရှည် ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုစီမံကိန်း (Community Driven Development- CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ စီမံကိန်း၏အောင်မြင် အကျိုးဖြစ်ထွန်းမှုများကြောင့် ယခုစီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြန်မာနိုင်ငံ အတွင်း မြို့နယ်ပေါင်း(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့်နေရာတွင် ရှမ်းပြည်နယ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် တန့်ယန်းမြို့နယ်ကို ထပ်မံတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းကို နမ့်ဆန်မြို့နယ်တွင် ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်ကစတင်ပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ စီမံကိန်းလုပ်ငန်းခွဲပေါင်း(၄၆၁)ခုကိုလည်းကောင်း၊ ဆီဆိုင်မြို့နယ်မှာ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်အတွင်း လုပ်ငန်းခွဲပေါင်း(၇၂၃)ခုကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်များ တွင် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တတိယစက်ဝန်းအထိ လုပ်ငန်းခွဲပေါင်း(၄၂၁)ခုကို လည်းကောင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံအဆောက်အဦ စီမံကိန်း လုပ်ငန်းခွဲစုစုပေါင်း(၁၆၀၅)ခုအား စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် စုစုပေါင်း(၁၄၄၈၆.၂၅)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ငွေကျပ် စုစုပေါင်း(၁၁၅၁.၁၅)သန်း၊ စုစုပေါင်း ငွေကျပ်(၁၅၆၃၇.၄)သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါ မြို့နယ်(၅)မြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)အုပ်စု၊ ကျေးရွာပေါင်း(၇၅၂)ရွာ၊ လူဦးရေ(၃)သိန်းကျော်ခန့်ဟာ စီမံကိန်းရဲ့ အသီးအပွင့်တွေကို ခံစားနိုင်ပြီ ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်မှ အမှာစကားပြောကြားပြီး ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်မှ မိတ်ဆက်စကားပြောကြားခြင်း၊ စီမံကိန်းအကြောင်းရှင်းလင်းခြင်းနှင့် အမေးအဖြေများပြုလုပ် ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး ဒီဇင်ဘာ   -   ၄

new 827

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ(၁၁)ခုမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားပါက ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Designated Hospital ဆေးရုံ(၈)ခု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ (၅၂၇)ဦးကို ကာကွယ်ကုသပေးခဲ့ရာ (၂)ဦးသေဆုံး၍ (၃၁၀)ဦး ရောဂါပျောက်ကင်းခဲ့ပြီး (၂၁၅)ဦးအား မြို့နယ်များရှိ ဆေးရုံ များတွင် စောင့်ကြည့်ကာကွယ် ကုသပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရောဂါစတင်ဖြစ်ပွားချိန်မှ ယနေ့အထိ လက်ရှိ COVID-19 ရောဂါနှင့်ပတ်သက်၍ သံသယ/စောင့်ကြည့်လူနာများ (၅၂၂၆)ဦးကို Community Based Facility Quarantine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း နယ်စပ် ဝင်/ထွက် ပေါက်များဖြစ်သည့် မိုင်းလား၊ မူဆယ်၊ လောက်ကိုင်၊ တာချီလိတ်ဝင်ပေါက်များမှတစ်ဆင့် နေ့အလိုက် ပြန်လည်ဝင်ရောက် လာသူဦးရေ(၅၉၀၀၀)ကျော်ကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်၍ ပို့ဆောင်ပေးလျက် ရှိပြီး ကချင်ပြည်နယ် လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကရင်ပြည်နယ် မြဝတီ၊ နယ်စပ်ဝင်ပေါက်များမှ ရှမ်းပြည်နယ်အတွင်းသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ပြည်သူများကိုလည်း တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များရှိ Community Based Facility Quarantine Center များတွင် စောင့်ကြည့်ထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် COVID-19 ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးမတွေ့သူများကို ၎င်းတို့နေရာအသီးသီးတို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ ရောဂါကူးစက် ပျံ့နှံ့မှုများပြားသော တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်နှင့် တာချီလိတ်မြို့ရှိ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၄)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၃၈)ရွာကို အသွားအလာကန့်သတ်ထားရှိသည့် နေရာများဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ရခိုင်ပြည်နယ် ရန်ကုန်တိုင်းဒေသရှိ Stay at home သတ်မှတ်ထားသော ဒေသနှင့် အခြားဒေသများမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို စိစစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရှမ်းပြည်နယ် နယ်နိမိတ်ထိစပ်လျက်ရှိသည့် နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာသူဇာချစ်တင်မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် စုံစမ်းရှာဖွေစစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးလုပ်ငန်းကော်မတီ၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် စိစစ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီနှင့် ဘဏ္ဍာငွေထိန်းသိမ်းကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ သွားလာမှုကြီးကြပ်ကန့်သတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးမှ COVID-19 ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်း၊ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့မှ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး ဒီဇင်ဘာ   -   ၂

new 826

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦိးနေလင်းနှင့် တာဝန်ရှိသူ များသည် ဒီဇင်ဘာ(၁)ရက် ညနေ(၄)နာရီက တောင်ကြီးတက္ကသိုလ်၊ နန်းဝတီအမျိုးသမီးဆောင်၌ ဖွင့်လှစ်ထားသော Quarantine Center အားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်၌ ဖွင့်လှစ်ထားသော Quarantine Center များအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီးမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးအား လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး နိုဝင်ဘာ   -   ၂၅

new 825

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၂၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကထိန်အလှူတော်မင်္ဂလာကျင်းပကြောင်း သိရသည်။

အခမ်းအနားကို ဆရာတော် သံဃာတော်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းဂူကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ် ပရိတ် တရားတော်မြတ်ကိုနာယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကထိန်လျာသင်္ကန်းများ၊ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့မှ ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းဂူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသ အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဂါထာတော် သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်