We have 211 guests and no members online

ရပ်စောက် ဒီဇင်ဘာ   -   ၁၅

new 833

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၁၅)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျန်းမာရေးသုံးပစ္စည်းများ ဖြစ် သည့် PPE ဝတ်စုံ၊ Mask၊ Hand Gel တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များကပေးအပ်ရာ ရပ်စောက်မြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောင်ချို ဒီဇင်ဘာ   -   ၁၅

new 834

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ဒီဇင်ဘာ(၁၅)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် နောင်ချိုမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအတွက် ကျန်းမာရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံသို့ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥနှင့် ထောက်ပံ့ငွေ(၁၀)သိန်း ပေးအပ်ရာ နောင်ချိုမြို့နယ် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး နောင်ချိုမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအတွက် Mask၊ Hand Gel နှင့် ထောက်ပံ့ငွေ(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ အထက်တန်းသူနာပြု ဆရာမ တစ်ဦးက လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဒီဇင်ဘာ  -   ၁၄

new 832

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၃)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဖြစ်သည့် ရွှေညောင်-ထီရီ(မွေးမြူရေးဇုန်)-လင်ကွင်း-ညိုမီး (၄)မိုင် ကွေ့လမ်း (မြို့ရှောင်လမ်း) (မိုင်၀/၀-၁၇/၄) တည်ဆောက်ခြင်းစီမံကိန်းအား ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်ကွင်းကျေးရွာ ရှင်းလင်း ဆောင်သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်ခန်းမတွင် မြို့ရှောင်လမ်း ဆောက်လုပ်နေမှုတို့ကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ရှင်းလင်းပြီး လမ်းခင်းနေမှုအား လှည့်လည်ကြည့်ရှုကြပြီး အဝိုင်းပတ်(၅)လမ်း ဆုံဖြစ်သည့် ဖရဲ၊ ဆင်တောင်၊ ကံကြီး၊ ညိုမီး၊ ရွှေညောင်လမ်း ဖောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးမြို့ရှောင်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေသားလမ်းမိုင် (၁၇/၄) ရန်ပုံငွေကျပ် သန်း(၃၃၈.၆၂) တံတားလုပ်ငန်းတွင် Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၆၆.၅၉၉) ရန်ပုံငွေစုစုပေါင်းကျပ်သန်း (၄၀၅.၂၁၉)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၅/၀)မိုင် လမ်းအနိမ့်အမြင့် ဖြေညှိခြင်း(၂/၀) ရန်ပုံငွေ ကျပ်သန်း (၉၇၇.၈၉) ဘေလီတံတား(၂၃၀)ပေ ရန်ပုံငွေကျပ်သန်း (၁၃၁.၇၅၅) ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၁၀၉.၆၄၅)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာမိုင်(၉/၀) ရန်ပုံငွေကျပ်သန်း(၁၇၉၆.၀၀)၊ ရန်ပုံငွေစုစုပေါင်း ကျပ်သန်း (၁၇၉၆.၀၀၀)နှင့် စုစုပေါင်းကတ္တရာမိုင်(၁၄/၀) မြေသားလမ်းမိုင်(၁၇/၄) လမ်းအနိမ့်အမြင့် ဖြေညှိခြင်း (၂/၀)မိုင် ရန်ပုံငွေကျပ်သန်း (၃၁၁၂.၅၁)၊ ဘေလီတံတားပေ(၂၃၀) Box Culvert ပေ(၅၀) ရန်ပုံငွေကျပ်သန်း (၁၉၈.၃၅၄) ရန်ပုံငွေစုစုပေါင်းကျပ်သန်း (၃၃၁၀.၈၆၄)ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ် တောင်လေးလုံး၌ စည်ပင်သာယာ မှတာဝန်ယူဆောင်ရွက်နေသော ကွန်ကရစ်ကတ္တရာ ထုတ်လုပ်မည့်စက်အား သွားရောက်ကြည့်ရှုရာ တောင်ကြီး မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေလင်းမှ ရှင်းလင်းကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်