ရှမ်းပြည်နယ်သတင်းများ

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း

တောင်ကြီး အောက်တိုဘာ  -  ၂၃

206

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ တောင်ကြီးတက္ကသိုလ်မိသားစုမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီးတက္ကသိုလ်မိသားစုကိုယ်စား တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်က အလှူငွေကျပ်(၁၂.၆၆)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဖရ(ရှမ်း)

 

မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်

ရှမ်းမြောက် အောက်တိုဘာ - ၂၃

205

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတား ဖွင့်ပွဲကို အောက်တိုဘာလ (၂၃)ရက် မွန်းလွဲ (၁)နာရီက အဆိုပါ တံတားတွင်ကျင်းပသည်။ 

ဂုတ်တွင်းတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)သည်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့်ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသော ဗဟိုချက်ဖြစ်သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ဆက်သွယ်ပေးထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှု အဓိကကျသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားသည်ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ မှာ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါကြောင်း၊ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် ထိခိုက်နစ်နာတဲ့ ဒေသတွင်း ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုများကို အမြန်ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် (၂၄)ပေ ကျယ်ပြီး (၂၁ဝ)ပေ အရှည်ရှိတဲ့ Bailey တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်တည်ဆောက်ပြီး သြဂုတ်လ (၂၀)ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ Bailey တံတားတန်ဘိုးအားဖြင့် ကျပ်(၈၂ ဒသမ ၄ဝ)သန် ကုန်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများကို (၅)ရက်တာအတွင်းမှာ ယာယီအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် တံတားအသစ်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စတင်တည်ဆောက်ပြီး တန်ဘိုးငွေကျပ် (၈၇၄)သန်းနှင့် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့မှာ အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေဖြင့် အချိန်တိုကာလအတွင်း တည်ဆောက်အပ်နှံလိုက်သောဒီတံတားကြီးရေရှည်အသုံးပြုနိုင်အောင်တည်တံ့နေစေရန် ဒေသခံများကဝိုင်းဝန်း စောင့်ရှောက်ပေးကြရန် ပြောကြားသည်။

 ဆက်လက်၍လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ ပြ) ဦးကျော်ကျော်ဝင်းက တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံနောင်ချိုမြို့နယ်ရပ်မိရပ်ဖဦးစိုးထွန်းမှ ကျေးဇူးတင်စကားပြောကြားကာတံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကိုနေရာအရောက်ပေးအပ်ကြကြောင်းသိရသည်။ 

ထို့နောက်ဂုတ်တွင်းတံတား၌ တာဝန်ကျနေသောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်တို့မှရေသန့်ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ငွေကျပ်(၅)သိန်းစီစုစုပေါင်း(၁၀)သိန်တို့ကိုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ဂုတ်တွင်းတံတားသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကျောက်မဲမြို့ နယ်နှင့် နောင်ချိုမြို့ နယ်မှ လွှတ်တော်ကိုယ် စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးကြကာတံတားအားလှည့် လည်ကြည့်ရှုကြကြောင်းသိရသည်။ ယခုဖွင့်လှစ်လိုက်သည့် ဂုတ်တွင်းတံတားသစ်သည် ကျပ် (၈၇၄)သန်း အကုန်ကျခံ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား ဖြစ်ပြီး အကျယ်ပေ(၃ဝ)၊ အရှည်ပေ (၂၁ဝ)ရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်(၆၀)တန်ဖြစ်ကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးကော်မတီ၏အစည်းအဝေး အမှတ်စဥ်(၅/၂၀၂၀)လုပ်ငန်းညှိနှိုင်းကျင်းပ

တောင်ကြီး အောက်တိုဘာ-၁၄

200

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးကော်မတီ၏Video Conferencing System ဖြင့်ပြု လုပ်သည့်(zoom Meeting)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၅/၂၀၂၀ကို အောက်တိုဘာ(၁၄)ရက်နံနက် (၁၀)နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။ 

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည် နယ်တွင်ယခုလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးဗဟိုကော်မတီမှပေးပို့ လာသောမြေယာကိစ္စတိုင်ကြားစာပေါင်း(၆၉၃)မှုရှိပြီး၊ (၄၇၄)မှုကိုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီးစိစစ်ဆဲအမှု(၂၁၉)မှု ကျန်ရှိကာပြီးစီးမှုရာခိုင်နှုန်းမှာ (၆၈.၄၀%)ဖြစ်ပါကြောင်း၊ ပြည်နယ်သို့တိုက်ရိုက်တိုင်ကြားစာပေါင်း(၆၃၄)မှုရှိပြီး၊ (၄၁၆)မှုကိုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး ၊ပြီးစီးမှုရာခိုင်နှုန်းမှာ(၆၆ %) ဖြစ်ပါကြောင်းနှင့်စိစစ်ရန်ကျန်ရှိသည့်ဗဟိုအမှု(၂၁၉)မှု၊ ပြည်နယ်အမှု(၂၁၈)မှု၊ စုစုပေါင်း(၄၃၇)မှု အားလုံးကို၂၀၂၀ ပြည့်နှစ် တွင်(၉၀%)ကျော် ပြီးပြတ်ရေးဗဟိုကောမတီမှနှိုးဆော်လျက်ရှိပြီး၊ ခရိုင်မြေ/စစ်ကော်မတီများအနေဖြင့်သတ်မှတ် ကာလ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဗဟိုကော်မတီ၏မူဝါဒနှင့်လုပ်ငန်းစဥ်(၅၂)ချက်၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြီးပြတ်အောင်အလေးထားစိစစ်ဖြေ ရှင်းဆောင်ရွက်ရန်နှင့် ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၁၆၆)မှု၊ မြေဧရိယာစုစုပေါင်း(၄၂၀၄၅.၁၃၀)ဧကရှိပြီး၊ မြေ            ဧရိယာ (၄၀၅၈၈.၃၈၅)ဧကကိုသက်ဆိုင်ရာလက်ဝယ်သို့လွှဲပြောင်းပေးအပ်နိုင် ခဲ့ပြီးဖြစ်သည့်အတွက်ကျန်မြေဧရိယာမှာ (၁၄၅၆.၇၄၅)ဧကဖြစ်ပြီး၊ ကျန်မြေများကိုသက်ဆိုင်ရာသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်ရန်ပြောကြားသွားသည်။ 

ဆက်လက်၍ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့််စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဆန်းဝင်းမှ အမှုတစ်မှုချင်း အလိုက်ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်ခရိုင်မြေ/စစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက်အတွင်း ရေးမှူးများက ဆွေးနွေး တင်ပြကြကာ အထွေထွေဆွေးနွေးကြကြောင်းသိရသည်။ 

ထို့နောက်ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည် နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကနိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

 

မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်

ရှမ်းမြောက် အောက်တိုဘာ - ၂၃

205

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတား ဖွင့်ပွဲကို အောက်တိုဘာလ (၂၃)ရက် မွန်းလွဲ (၁)နာရီက အဆိုပါ တံတားတွင်ကျင်းပသည်။ 

ဂုတ်တွင်းတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)သည်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့်ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသော ဗဟိုချက်ဖြစ်သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ဆက်သွယ်ပေးထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှု အဓိကကျသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားသည်ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ မှာ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါကြောင်း၊ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် ထိခိုက်နစ်နာတဲ့ ဒေသတွင်း ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုများကို အမြန်ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် (၂၄)ပေ ကျယ်ပြီး (၂၁ဝ)ပေ အရှည်ရှိတဲ့ Bailey တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်တည်ဆောက်ပြီး သြဂုတ်လ (၂၀)ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ Bailey တံတားတန်ဘိုးအားဖြင့် ကျပ်(၈၂ ဒသမ ၄ဝ)သန် ကုန်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများကို (၅)ရက်တာအတွင်းမှာ ယာယီအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် တံတားအသစ်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စတင်တည်ဆောက်ပြီး တန်ဘိုးငွေကျပ် (၈၇၄)သန်းနှင့် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့မှာ အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေဖြင့် အချိန်တိုကာလအတွင်း တည်ဆောက်အပ်နှံလိုက်သောဒီတံတားကြီးရေရှည်အသုံးပြုနိုင်အောင်တည်တံ့နေစေရန် ဒေသခံများကဝိုင်းဝန်း စောင့်ရှောက်ပေးကြရန် ပြောကြားသည်။

 ဆက်လက်၍လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ ပြ) ဦးကျော်ကျော်ဝင်းက တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံနောင်ချိုမြို့နယ်ရပ်မိရပ်ဖဦးစိုးထွန်းမှ ကျေးဇူးတင်စကားပြောကြားကာတံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကိုနေရာအရောက်ပေးအပ်ကြကြောင်းသိရသည်။ 

ထို့နောက်ဂုတ်တွင်းတံတား၌ တာဝန်ကျနေသောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်တို့မှရေသန့်ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ငွေကျပ်(၅)သိန်းစီစုစုပေါင်း(၁၀)သိန်တို့ကိုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ဂုတ်တွင်းတံတားသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကျောက်မဲမြို့ နယ်နှင့် နောင်ချိုမြို့ နယ်မှ လွှတ်တော်ကိုယ် စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးကြကာတံတားအားလှည့် လည်ကြည့်ရှုကြကြောင်းသိရသည်။ ယခုဖွင့်လှစ်လိုက်သည့် ဂုတ်တွင်းတံတားသစ်သည် ကျပ် (၈၇၄)သန်း အကုန်ကျခံ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား ဖြစ်ပြီး အကျယ်ပေ(၃ဝ)၊ အရှည်ပေ (၂၁ဝ)ရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်(၆၀)တန်ဖြစ်ကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

တောင်ကြီး အောက်တိုဘာ  -  ၁၂

197

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများမှ အလှူငွေကျပ်(၁၀)သိန်းကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုးဟိန်းမှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ Kyaukse Silk Co.,Ltd ၊ Myanmar Silk Co.,Ltd  တို့မှ Medical Masks (၄၈၀၀၀)ခု၊ Face Shield (၃၀၀၀)ခု၊ Hand Gel (၈)ဖာ (၃၂၀)ဗူးတို့ကို လှူဒါန်းပေးကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်

ရှမ်းမြောက် အောက်တိုဘာ - ၂၃

205

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတား ဖွင့်ပွဲကို အောက်တိုဘာလ (၂၃)ရက် မွန်းလွဲ (၁)နာရီက အဆိုပါ တံတားတွင်ကျင်းပသည်။ 

ဂုတ်တွင်းတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)သည်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့်ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသော ဗဟိုချက်ဖြစ်သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ဆက်သွယ်ပေးထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှု အဓိကကျသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားသည်ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ မှာ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါကြောင်း၊ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် ထိခိုက်နစ်နာတဲ့ ဒေသတွင်း ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုများကို အမြန်ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် (၂၄)ပေ ကျယ်ပြီး (၂၁ဝ)ပေ အရှည်ရှိတဲ့ Bailey တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်တည်ဆောက်ပြီး သြဂုတ်လ (၂၀)ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ Bailey တံတားတန်ဘိုးအားဖြင့် ကျပ်(၈၂ ဒသမ ၄ဝ)သန် ကုန်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများကို (၅)ရက်တာအတွင်းမှာ ယာယီအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် တံတားအသစ်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စတင်တည်ဆောက်ပြီး တန်ဘိုးငွေကျပ် (၈၇၄)သန်းနှင့် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့မှာ အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေဖြင့် အချိန်တိုကာလအတွင်း တည်ဆောက်အပ်နှံလိုက်သောဒီတံတားကြီးရေရှည်အသုံးပြုနိုင်အောင်တည်တံ့နေစေရန် ဒေသခံများကဝိုင်းဝန်း စောင့်ရှောက်ပေးကြရန် ပြောကြားသည်။

 ဆက်လက်၍လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ ပြ) ဦးကျော်ကျော်ဝင်းက တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံနောင်ချိုမြို့နယ်ရပ်မိရပ်ဖဦးစိုးထွန်းမှ ကျေးဇူးတင်စကားပြောကြားကာတံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကိုနေရာအရောက်ပေးအပ်ကြကြောင်းသိရသည်။ 

ထို့နောက်ဂုတ်တွင်းတံတား၌ တာဝန်ကျနေသောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်တို့မှရေသန့်ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ငွေကျပ်(၅)သိန်းစီစုစုပေါင်း(၁၀)သိန်တို့ကိုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ဂုတ်တွင်းတံတားသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကျောက်မဲမြို့ နယ်နှင့် နောင်ချိုမြို့ နယ်မှ လွှတ်တော်ကိုယ် စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးကြကာတံတားအားလှည့် လည်ကြည့်ရှုကြကြောင်းသိရသည်။ ယခုဖွင့်လှစ်လိုက်သည့် ဂုတ်တွင်းတံတားသစ်သည် ကျပ် (၈၇၄)သန်း အကုန်ကျခံ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား ဖြစ်ပြီး အကျယ်ပေ(၃ဝ)၊ အရှည်ပေ (၂၁ဝ)ရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်(၆၀)တန်ဖြစ်ကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

နောင်ယားဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတားဖွင့်လှစ်

ဆိုက်ခေါင် အောက်တိုဘာ   -   ၉

195

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက် သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတား အမှတ်(၉/၄၅) ပွန်ချောင်းတံတားဖွင့်လှစ်ခြင်းကို အောက်တိုဘာ(၉)ရက် နံနက်(၁၀)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတင်တာဝန် ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ရာတွင် ကတ္တရာကွန်ကရစ် AC လမ်းမိုင်ပေါင်း(၂၀၀)ခန့်၊ ကွန်ကရစ်လမ်းမိုင်(၈၀)ခန့်၊ ကတ္တရာလမ်းသစ်ခင်းခြင်း မိုင်(၆၀၀)ကျော်၊ (၁၈)ပေအကျယ်၊ ကတ္တရာ “လမ်းချဲ့”ခင်းခြင်း မိုင်(၆၀၀)ခန့်၊ တံတားနှင့် ရေထုတ်ပြွန် အစင်းပေါင်း (၄၀၀၀)ခန့် တို့ကို ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့်လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများ၏ B.O.T စနစ်ဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသစ်ကြီး သည် ရှမ်းပြည်နယ်အတွက် အလွန်အရေးပါသော တံတား(၁)စင်းဖြစ်ပါကြောင်း၊ တံတားတည်နေရာသည် ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်နယ်စပ်တွင်ဖြစ်ပြီး အဓိက National High way လမ်းမကြီးဖြစ်သည့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း NH21 နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း NH23 တို့ကို ကွန်ယက်ဆက်ပေးသည့် လမ်းပေါ်က သဘာဝအတားအဆီးကြီးဖြစ်သည့် ပွန်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားပါကြောင်း၊ ယနေ့တည်ဆောက်ဖွင့်လှစ်လိုက် သည့် သံကူကွန်ကရစ်တံတားသစ်ကြီး ခံနိုင်ဝန်မှာ ယာဥ်(၁)စီးချင်း ခွင့်ပြုတန်ချိန်(၆၀)အထိ သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည် စီးဆင်းမှုတွင် ပိုမိုလွယ်ကူလျင်မြန် လာတော့မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသူရဇော်မှ လမ်းတံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်း ပြောကြားရာ ပွန်ချောင်းတံတားသည် စုစုပေါင်းပေရှည်(၁၉၀)ပေရှိပြီး တံတားအကျယ်မှာ (၃၀)ပေစီနှင့် သံမဏိ သံပေါင်ယက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး စီမံကိန်း တန်ဖိုးအားဖြင့် ကျပ်(၉၇၄.၅၀၀)သန်းကို ပြည်နယ်ရန်ပုံငွေဖြင့် ကျခံ၍ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နှင့် လင်းခေးခရိုင်တို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်တည်ရှိပြီး တံတားကြီး တည်ဆောက်ပေးလိုက်သည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆက်သွယ်သွားလာရေးကို အဆင့်မြှင့်တင်ပေး လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံဦးခွန်လှထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး ပွန်ချောင်းတံတားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့မှ ပြည်သူ့လွှတ်ကိုယ်စားလှယ်တို့မှ အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ လမ်းတံတားအား လှည့်လည်စစ်ဆေး ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

HPV( Human Papillomavirus) ပိုးနှင့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၀

203

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၌  HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ မွန်းလွဲ ၁ နာရီက MICC-II (နေပြည်တော်)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာ Video Conferencing စနစ်ဖြင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ‌တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်၍ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ရပြီး၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အသက်အရွယ်အားလုံးတွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ (၂၃.၅)ရာခိုင်နှုန်း ရှိကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ်ကြားအမျိုးသမီး များတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့်သေဆုံးရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး၊ Human Papillomavirus ဟုခေါ်သည့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့်အပြင် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် HPV ပိုးကြောင့်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်းHPV ပိုးသည် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောကြောင့် မည်သူမဆို အချိန်မရွေးရောဂါပိုးကူးစက်နိုင်ပါကြောင်း၊  မြန်မာနိုင်ငံတွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံရန်လိုပါကြောင်း၊ အသက် ၉နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးများ တစ်နည်းအားဖြင့် ၂၀၁၀ခုနှစ် စက်တင်ဘာလ(၁)ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသောမိန်းကလေးများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီး(၁၂)လခြားကာ ဒုတိယ အကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းကာကွယ်ဆေးထိုးနှံခြင်းအတွက် ကုန်ကျစရိတ်မှာ မိန်းကလေးတစ်ဦးအတွက် ကာကွယ်ဆေးတစ်ကြိမ်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ(၄.၅)ဒေါ်လာတန်ဖိုးရှိပြီး၊ နိုင်ငံတော်ဘဏ္ဍာ‌ငွေမှ (၁၀) ရာခိုင်နှုန်းနှင့် Gavi,the vaccine alliance မှ (၉၀)ရာခိုင်နှုန်း ကုန်ကျခံ၍ အခမဲ့ထိုးသွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းအခမ်းအနားတွင် အသက် ၉ နှစ်အရွယ်အမျိုးသမီး (၃)ဦးအား ကာကွယ်ဆေးထိုးနှံနေမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း

တောင်ကြီး အောက်တိုဘာ  -  ၁၅

201

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများမှ အလှူငွေကျပ်(၃၄.၅၈)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

More Articles...

  1. လွိုင်လင်ခရိုင် ဟိုခိုက်ကျေးရွာရှိ အနာကြီးရောဂါဝေဒနာရှင်များအား ထောက်ပံ့ငွေပေးအပ်
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်
  3. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လွိုင်လင်ခရိုင်ရွေးကောက်ပပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြို့နယ် Covid -19 ကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ
  4. ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီး
  5. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ခိုလန်မြို့နယ် Covid-19 ကော်မတီအဖွဲ့အား ကျန်းမာရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်
  6. ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ပေးအပ်
  7. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တောင်လေးလုံး COVID- 19 ရောဂါကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
  8. “ဟင်းသီးဟင်းရွက်ထုတ်လုပ်ရာတွင်Poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများဆိုင်ရာWebinarဆွေးနွေးပွဲ” သို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း
  9. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်
  10. ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့ဝင်/မြို့ထွက်၌ ဖွင့်လှစ်ထားသော Covid -19 ကျန်းမာရေးစစ်ဆေးဂိတ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 91 guests and no members online