ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

 

တောင်ကြီး နိုဝင်ဘာ - ၂၀

311

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၀)ကို နိုဝင်ဘာ (၂၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၀) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၀) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြား အတည်ပြု ရယူခဲ့ပြီး မြေယာအယူခံအမှုတွဲများအား ဆွေးနွေးဆုံးဖြတ်ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

တောင်ကြီးမြို့နယ်မှ လွှတ်တော်(၃)ရပ်၏ ကိုယ်စားလှယ်လောင်းများရရှိသည့် မဲစာရင်းရလဒ်များ ထုတ်ပြန်ကြေငြာ

တောင်ကြီး          နိုဝင်ဘာ      - ၁၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ်မှ လွှတ်တော်(၃)ရပ်၏ ကိုယ်စားလှယ်လောင်းများရရှိသည့် မဲစာရင်းရလဒ်များကို နိုဝင်ဘာလ(၁၀)ရက် ညနေပိုင်းက တောင်ကြီးမြို့ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။

 တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရလဒ်စာရင်း ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)မှ လွှတ်တော်(၃)ရပ်စလုံးမှာ ဆန္ဒမဲအများဆုံးရရှိတာကာတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးအုန်းဝင်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း (၁၁၂၈ဝ၈)မဲ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄) မှာ ဦးအောင်ကိုကို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း (၁၂၃၃၈၄)မဲ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှာ ဦးစိုးညွှန့်လွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသောဆန္ဒမဲ စုစုပေါင်း(၆၁၃၄၇)မဲ နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင်ဒေါက်တာ ဒေါ်သန်းငွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)မှ ရရှိသော ဆန္ဒမဲ စုစုပေါင်း(၅၂၂ဝဝ)မဲ တို့ဖြစ် ကြောင်းသိရသည်။ 

ကျန်ရှိသည့် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်စာရင်းများကို နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကော်မရှင်ထံမှ သိရသည်။ တောင်ကြီးမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးမှာ နိုင်ငံရေးပါတီ(၁၅)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၆၈)ဦးတို့ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ကြောင်း သိရှိရပါသည်။

 မောင်မောင်သန်း(တောင်ကြီး)

 09-250132943

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ     -   ၁၉

208

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စု လမ်းမကြီးဘေးရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက်‌၊ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဆိုင်းဘုတ်အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်း၊ သဘာဝသယံဇာတပစ္စည်းများ မှားယွင်းသည့် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေခြင်း၊ ဆင်းရဲမှုကို တာရှည်စေခြင်း၊ လူတန်းစား မညီမျှမှုဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အုပ်ချုပ်မှုနှင့်စီးပွားရေး ပတ်ဝန်းကျင်ဖြစ်ပေါ်စေခြင်း၊ ဒုစရိုက်မှုများ ဖြစ်ပေါ်စေခြင်းဖြင့် ပြည်သူများအတွက် လုံခြုံမှုမရှိသည့် လူ့အဖွဲ့အစည်း တရပ်ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများရရှိစေပါကြောင်း၊ နိုင်ငံတော်သည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အဟန့်အတားသဖွယ် ဖြစ်ပေါ်နေသည့် အဂတိလိုက်စား မှုများ လျော့နည်းကျဆင်းစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာထိန်းချုပ်တားဆီးနိုင်ရန်နှင့် လျှော့ချနိုင်ရေးအတွက် ကော်မရှင်တခုတည်း အကောင်အထည်ဖော် ဆောင်ရွက်၍မရပဲ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုအဆင့် သိသာစွာ လျှော့ကျလာမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသည့် တိုင်ကြားစာစုစုပေါင်း ၂၉၉ စောင်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ မြေယာကိစ္စ၊ တရားစီရင်ရေးတို့နှင့် သက်ဆိုင်သော တိုင်ကြားစာများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့သို့ ပြန်လည်လွှဲပြောင်းသည့် တိုင်ကြားစာ ၁၂ စောင် ပေးအပ်ခဲ့ကြောင်းကို ကော်မရှင်နှစ်ပတ်လည်အစီရင်ခံစာအရ သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် တတိယရုံးခွဲကို လာရောက်ဖွင့်လှစ်ခြင်း အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွား အတွက် ကော်မရှင်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ စုံစမ်းစစ်ဆေးအရေးယူရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌမှ အဂတိလိုက်စားမှုများရှိပါက လုံးဝသည်းခံခွင့်မလွှတ်ရန်          (Zero Tolerance)ဟု မူဝါဒချမှတ်လမ်းညွှန်မှာြကားထားပါကြောင်း၊ လက်ရှိကော်မရှင်၏ သက်တမ်း(၃)နှစ်တာကာလ အတွင်း စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်မှုအခြေအနေမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာပေါင်း (၂၅၃၁၄)စောင်တွင် ကော်မရှင်က (၂၀၂)စောင်အားစုံစမ်းစစ်ဆေးရန် 

ဆုံးဖြတ်ခဲ့ပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် တိုင်ကြားစာ (၇၁)စောင်ရှိရာ လူပုဂ္ဂိုလ်ပေါင်း (၁၅၆)ဦးအား ကော်မရှင် ဥပဒေအရ အရေးယူသွားနိုင်ရန် အမှုပေါင်း(၁၇၀)မှုကို တရားစွဲတင်ပို့ထားပြီးဖြစ်ပါကြောင်း၊ တရားစွဲဆို ခံထားရသူများ တွင် လုပ်ပိုင်ခွင့်အာဏာရှိသူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်မှ ပြည်နယ်ဝန်ကြီးချုပ်အဆင့်ထိ ပါဝင်သည်ကို အများပြည်သူတို့သိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (တောင်ကြီး) ရုံးခွဲမှာ တတိယမြောက်ရုံးခွဲအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စတုတ္ထမြောက်ရုံးခွဲအဖြစ် မော်လမြိုင်ရုံးခွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးရုံးခွဲဖွင့်လှစ်နိုင်သဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ပိုမိုလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အဆိုပါဒေသများရှိ အဂတိတိုက်ဖျက်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန် တိုင်ကြားစာများကိုလည်း တောင်ကြီးရုံးခွဲသို့ စတင်ပေးပို့နိုင်ပါကြောင်း၊ ပြည်သူလူထု အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ အဆောက်အဦအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမွှေးနံ့သာရည်ပက်ဖျန်းပေးကြပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုကြ ကြောင်း သိရှိရသည်။

 

 

မောင်မောင်သန်း (တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စငေါဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဖွင့်ပွဲ ကျင်းပ

ဟိုပုံး          အောက်တိုဘာ   -  ၂၈

207

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး - စငေါ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ စငေါဓာတ်အားခွဲရုံဖွင့်ပွဲကို အောက်တိုဘာ (၂၈)ရက် နံနက်(၉)နာရီက အဆိုပါကျေးရွာ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခင်က ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအားလျှပ်စစ်စက်များနှင့် အချိန်ပိုင်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့် စငေါကျေးရွာအုပ်စုကို ယခုဆိုရင် နိုင်ငံ ဓာတ်အားစနစ်ကနေပြီး (၂၄)နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း၊ စငေါကျေးရွာအုပ်စုကို ၂၄နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီအေဓာတ်အားခွဲရုံတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၁၀၅၀.၉၉၉)သန်း အကုန်အကျ ခံကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် (၁၆၅) မဂ္ဂါဝပ် သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် ( ၂၅၆ )မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ် မတ်လတွင် စုစုပေါင်း အိမ်ထောင်စုဦးရေ၏ ( ၂၅.၄% )သာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်( တောင်ပိုင်း )မှာ ( ၆၁.၇၀% )၊ မြောက်ပိုင်းတွင် (၄၅.၆၉%)နှင့် အရှေ့ပိုင်းတွင် ( ၁၇.၃၅% )၊ ရှမ်းပြည်နယ်တစ်ခုလုံး စုစုပေါင်း ( ၄၇.၆၆% )အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများကို နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် နမ့်စန်-မိုင်းပျဥ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာဓာတ်အား လိုင်းနှင့် မိုင်းပျဥ်း၊ ကျိုင်းတုံတို့တွင် ပင်မဓာတ်အားခွဲရုံကြီးများ အသစ်တည်ဆောက်ခြင်းအပြင် နမ့်စန်မြို့က မူလရှိပြီးသား ၁၃၂ ကေဗွီဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့် တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ပြီးဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် ရှမ်းပြည်နယ်အတွင်း ( ၅၀% )အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၂၀-၂၀၂၁ ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နောင်တရားမြို့တွင် ၆၆ ကေဗွီလိုင်း (၃၄)မိုင်နှင့် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်(နောင်ယာဆိုင်း) ၃၃ ကေဗွီ ဓာတ်အားလိုင်း (၀.၀၃)မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းဒေသ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆတ်သေ-မိုင်းပျဥ်း ၆၆ ကေဗွီ ဓာတ်အားလိုင်း (၁၀)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ ရွာငံမြို့တွင် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓါတ်အားခွဲရုံအား ၁၀ အမ်ဗွီအေသို့ အဆင့်မြှင့်တည်ဆောက်ခြင်း၊ လွိုင်လင်၊ ပင်လုံ၊ ဝမ်ကုန်းကျေးရွာသို့ ၆၆ ကေဗွီလိုင်း Double Circuit (၀.၆)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ နမ့်စန်မြို့နယ်၊ လွိုင်ကျန့်(လွိုင်စန့်) တွင် ၃၃ ကေဗွီလိုင်း Double Circuit (၀.၂) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတု ကျေးရွာတွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်အတွင်း မြို့/မြို့နယ်ပေါင်း (၈၆)မြို့၊ ကျေးရွာပေါင်း (၁၃၇၈၂)ရွာနှင့် အိမ်ထောင်စုပေါင်း (၁၁၆၉၅၆၉)စုတို့ ရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ မြို့/ မြို့နယ်ပေါင်း ( ၈၆ )မြို့၊ ကျေးရွာပေါင်း ( ၄၆၇၂ )ရွာနှင့် အိမ်ထောင်စုပေါင်း ( ၅၅၇၅၆၉ )စုတို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေကျပ်သန်းပေါင်း ( ၄၁,၁၀၀ )ဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း (၁၆၉)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၅၃၉)စုအား တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာဖြစ်ပြီး ယနေ့ ကျင်းပသည့် ၃၃ ကေဗွီ ဟိုပုံး-စငေါ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံဖွင့်ပွဲသည် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် သည့် နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်စံလွင်တို့က အမှာစကားပြောကြားကြပြီး ဒေသခံတိုင်းရင်းသား ဦးခွန်ပန်းအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ 

ထို့နောက် ဓာတ်အားခွဲရုံအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ 

၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက္ကချားကျေးရွာရှိ 11kv ဓာတ်အားလိုင်းကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဖွင့်လှစ်ပေးကြပြီး ဗန်းစောက်ကျေးရွာ တွင် ၄၀၀ဗို့အားလိုင်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လျှပ်စစ်မီးသုံးစွဲနေမှာအား ကြည့်ရှူစစ်ဆေး၍ ခိုခြဲကျေးရွာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်းကို ပြည်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့မှ ဖွင့်လှစ်ပေးခဲ့ကြ ပြီး ဓာတ်မိန်းခလုတ်အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းချုပ် တို့က ခလုတ်အား ဆွဲတင်ဖွင့်လှစ်ပေးကြကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်း လမ်းညွှန်ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်း လမ်းညွှန်ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

aa 1

aa 2

aa 3

aa 4

 

 

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

တောင်ကြီး အောက်တိုဘာ    -       ၂၇

205

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်းမှ စဝ်စံထွန်းဆေးရုံကြီးအတွက် အလှူငွေကျပ် (၁၀)သိန်းနှင့် ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေကျပ်(၇၂၀၀၀၀)၊ HKK Construction, Pte.,Ltd မှ အလှူငွေကျပ်(၅)သိန်း အသီးသီး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

သစ်လုံး၊ တိုင်၊ မျောများအတွက် ကောက်ခံမည့်အခွန်နှုန်းများ သတ်မှတ်ကြေငြာခြင်း

သစ်လုံး၊ တိုင်၊ မျောများအတွက် ကောက်ခံမည့်အခွန်နှုန်းများ သတ်မှတ်ကြေငြာခြင်း

4 3

4 4

4 5

4 1

4 2

 

 

 

ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်း

တောင်ကြီး အောက်တိုဘာ   -   ၂၆

204

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်းကို အောက်တိုဘာ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါခေါ်ယူဆောင်ရွက်မှု အခြေအနေများကို တင်ဒါ ရှင်းလင်းပွဲများ ဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တက်ရောက်လာသည့် တင်ဒါ အဖွဲ့ပြည်သူများ အသိဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီများအားလုံး တက်ရောက်နိုင်မှုမရှိမှာကို ကြိုတင် ခန့်မှန်းပြီး Zoom Meeting ဖြင့်တက်ရောက်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းမှာ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၁၅၆၉၂.၁၇၃)သန်းနှင့် ရုံးအဆောက်အဦ(၅)လုံး၊ ဝန်ထမ်းအိမ်ရာ (၄)လုံး၊ ကုန်ထုတ်လမ်း(၁၀၇)လမ်း (၁၈၄/၁.၅)မိုင်၊ ကုန်ထုတ်တံတား(၂၂၇)စင်း (၁၆၀၇)ပေ၊ ရေရရှိရေးလုပ်ငန်း (၃၈၂)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လုပ်ငန်းအားလုံး ကိုတင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျပ်သန်း(၁၀၀)အထက်နှင့် ကျပ်သန်း(၁၀၀)အောက် လုပ်ငန်းအားလုံးကို တင်ဒါ ဆွဲဝယ်နိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်းသတင်းစာ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၅)ရက်နှင့် ကြေးမုံသတင်းစာတွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ(၆)ရက်တို့မှာ ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ကြောင်း၊ COVID-19 ကာလ ဖြစ်သည်နှင့်အညီ ကုမ္ပဏီများ အဆင်ပြေစေရေးအတွက် တင်ဒါတင်သွင်းချိန်အား တစ်လခွဲခန့် အချိန်ပေးထားတာဖြစ်ကြောင်း၊ ကုမ္ပဏီများဖက်ကလည်း မိမိတို့စိတ်ပါဝင်စား ဆောင်ရွက်လိုသည့် လုပ်ငန်းများ၏ မြေပြင်အခြေအနေအမှန်ကို သက်ဆိုင်ရာဒေသ အရောက် ကွင်းဆင်းဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ကွင်းဆင်းသည့်နေရာတွင်လည်း အခက်အခဲမရှိစေရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် တာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျစီမံဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ခန့်မှန်းခြေ စာရင်းများနှင့် ပတ်သက်၍ ယခင်နှစ်များနည်းတူ မြို့နယ်အဆင့်မှ စနစ်တကျကွင်းဆင်း တိုင်းတာစစ်ဆေးတွက်ချက်ပြီးတော့ ခရိုင်/ပြည်နယ် တာဝန်ရှိသူများမှလည်း စိစစ်ထားပြီးဖြစ်သည့် စျေးနှုန်းမပါသည့် ခန့်မှန်းခြေတွက်ချက်မှုစာရင်းများကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး တင်ဒါဆွဲမည့်သူများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဒေသပေါက်စျေးနှုန်းများကို မှန်ကန်စွာထည့်သွင်းတွက်ချက်တင်ပြပေးရန် လိုအပ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ တင်ဒါခေါ်ယူ ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း၊အရှေ့ပိုင်း)မှ ပြည်နယ်ဦးစီးမှူးများမှ တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကုမ္ပဏီများမှ သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ခဲ့ကြသော မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ဂုဏ်ပြု

 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ခဲ့ကြသော မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ဂုဏ်ပြု

CamScanner 11-17-2020 13.14.45

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း

တောင်ကြီး အောက်တိုဘာ  -  ၂၃

206

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ တောင်ကြီးတက္ကသိုလ်မိသားစုမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီးတက္ကသိုလ်မိသားစုကိုယ်စား တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်က အလှူငွေကျပ်(၁၂.၆၆)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဖရ(ရှမ်း)

 

More Articles...

  1. မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်
  2. မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်
  3. မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်ရှိဂုတ်တွင်းတံတားဖွင့်လှစ်
  4. HPV( Human Papillomavirus) ပိုးနှင့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကျင်းပ
  5. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း
  6. ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးကော်မတီ၏အစည်းအဝေး အမှတ်စဥ်(၅/၂၀၂၀)လုပ်ငန်းညှိနှိုင်းကျင်းပ
  7. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
  8. နောင်ယားဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတားဖွင့်လှစ်
  9. ပြည်သူများသိစေရန် အသိပေးကြေညာချက်
  10. ပြည်သူများသိစေရန် အသိပေးကြေညာချက်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 110 guests and no members online

Latest Updates