Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ

ကွမ်းလုံ ဇန်နဝါရီ-၂၇

26

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊  ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့်အတူ ဇန်နဝါရီ(၂၇)ရက်နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ တံတားအထူးအဖွဲ့(၄)၊ မန္တလေးမြို့ တည်ဆောက်ရေးအဖွဲ့ ရှင်းလင်းဆောင်၌ သံလွင်မြစ်ကူးတံတား(ကွမ်းလုံ) တည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့(၄)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဖြည့်စွက်မှာကြားကာ တံတားတည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဗာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကွမ်းလုံမြို့ သံလွင်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကွမ်းလုံမြို့တွင် လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်မှာ (၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုလာရောက်သည်မှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ ပွင့်လင်းမြင်သာစွာ လိုအပ်ချက်များတင်ပြဆွေးနွေးပေးကြရန်ပြောကြားသည်။

ထို့နောက် ကွမ်းလုံမြို့မိမြိုဖ ဦးအယ်သိန်းမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ကြိုဆိုပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အမှိုက်စွန့်ပစ်မည့်နေရာနှင့် သုသာန်မြေကိစ္စများ၊ တိုင်းရင်းသားလူငယ်လေ့ကျင့်ရေးကျောင်း၌ ရေရရှိရေး၊ မြေယာများ လျော်ကြေးရရှိရေး၊ မူးယစ်းဆေးဝါးကိစ္စရပ်များနှင့် လမ်းတံတားတည်ဆောက်ပေးနိုင်ရန် ဆွေးနွေးတင်ပြပြီး၊ ကြက်ခြေနီ တာဝန်ခံ ဦးတာမှ ကြက်ခြေနီရုံးအဆောက်အဦကိစ္စရပ်များ ဆွေးနွေးတင်ပြကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့မှ ဒေသခံပြည်သူများတင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကြက်ခြေနီရုံးအဆောက်အဦအား သွားရောက်ကြည့်ရှုကြ ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ နယ်နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကျင်းပ

သီပေါ ဇန်နဝါရီ - ၂၆

25

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ သီပေါမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရှမ်းပြည်အလှကုမ္ပဏီ လီမီတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၂၆)ရက်နံနက်(၁၁)နာရီခွဲက အဆိုပါစျေး၌ကျင်းပသည်။

နမ့်လန်စျေးသစ်ဖွင့်ပွဲတွင် သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ်-၁၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ သီပေါမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် စျေးမိစျေးဖများ၊ ကိုယ်စားလှယ် ဦးစိုင်းဘသန်းတို့မှ ကျေးဇူးတင် စကားပြောကြား၍ နမ့်လန်မြို့မစျေးသစ်ကြီးဆိုင်ရာ အချက်အလက်နှင့် စာရွက်စာတမ်းများ၊ အထောက်အထား များအား ရှမ်းပြည်အလှကုမ္ပဏီလီမိတက် MDဦးညီညီတင်မှ သီပေါမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိထံလွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ နမ့်လန်မြို့မစျေးသစ် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီတင်နှင့် နမ့်လန်စျေးတည်ဆောက်ရေး တာဝန်ခံ ဦးကျော်ကျော်လွင်၊ ရပ်မိရပ်ဖကိုယ်စားတစ်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်သီပေါမြို့၊ နမ့်လန်မြို့မစျေးသစ်ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖြန်းပေး ကြသည်။ ၎င်းနောက်နမ့်လန်မြို့မစျေးသစ်ကြီး ရှင်းလင်းဆောင်တွင် ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ နမ့်လန်စျေး တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ နမ့်လန်စျေးတည်ဆောက်ရေးတာဝန်ခံ ဦးကျော်ကျော်လွင်မှ ရှင်းလင်းတင်ပြပြီး နမ့်လန်မြို့မစျေးသစ်ကြီးအတွက် အမှိုက်သိမ်းယာဉ်(၁)စီးနှင့် စျေးအတွက်မတည်ငွေကျပ်သိန်း(၁၀၀)ပေးအပ်ရာ သီပေါမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိမှ လက်ခံရယူကာ အထိမ်းအမှတ်ပစ္စည်းများအား ရှမ်းပြည်အလှကုမ္ပဏီ၏ MD ဦးညီညီတင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများအား နေရာ အရောက်ပေးအပ်ကာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ နမ့်လန်မြို့မစျေးသစ်ကြီးအတွင်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။ 

ယခင်စျေးဟောင်းသည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်၊ ညနေ(၆)နာရီတွင် မီးလောင်ခဲ့ပြီး၊ အိတ်ဖွင့်တင်ဒါကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁) ရက်မှ စက်တင်ဘာ(၂)ရက်ထိခေါ်ယူခဲ့ကာ ၂၀၁၈ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ယခုစျေးသစ်ကြီးအား ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ(၂၉)ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ လ(၁၇)ရက်နေ့တွင်ပြီးစီးခဲ့သည်။ အဆိုပါနမ့်လန်မြို့မစျေးသစ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၊ နမ့်လန် တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်ရှိ ဦးပိုင်အမှတ်(၃၉)၊ မြေဧရိယာအကျယ်အဝန်း(၁.၃၂၉)ဧက၊ အလျား(၂၈၇.၅)ပေ၊ အနံ(၂၄၈)ပေရှိပြီး၊ မြေညီထပ်တွင်စျေးရုံ(၁၁)ရုံ၊ (၈´×၈´)အလုံပိတ်ဆိုင်ခန်း(၄၁၆)ခန်း၊ အကာမဲ့ပျံကျစျေးရုံ(၃)ရုံ၊ (၆´×၄´) အကာမဲ့ဆိုင်ခန်း(၂၂၂)ခန်း၊ (၆.၆´×၈´)အကာမဲ့အခန်းကျယ်(၁၆)ခန်း၊ သား/ငါးရုံ(၆)ခန်း၊ ပထမထပ်စျေး (၁၁)ရုံ (၈´×၈´) အလုံပိတ်ဆိုင် ခန်း(၄၁၂)ခန်း၊ ကွန်ကရစ်လမ်းများ စုစုပေါင်း(၁၃)လမ်း၊ စျေးအဝင်တံခါးများစုစုပေါင်း(၁၂)ချပ်၊ ရေသွယ်တန်းမှု များဂါလံ(၁၈၀၀)ဆံ့မြေအောက်ရေ ကန်(၂)ကန်၊ ဂါလံ(၂၁၀၀)ဆံ့အမြင့်တင်ရေကန်(၂)ကန်၊ မီးသတ်ရေငုတ် (၁၁)ငုတ်၊ မီးသတ်ဆေးဘူး(၁၁)ဘူးထားရှိထားပြီး၊ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ မီးလိုင်းသွယ်တန်းမှုများ (100)KVAထရမ်စဖော်မာနှင့် (11)KVA လိုင်းဓါတ်အားသွယ်တန်းခြင်းတို့ ဆောက်လုပ်ပြီးစီးခဲ့ပြီး၊ ယာဉ်ရပ်နားရန်မြေနေရာ(၁၀၅.၆´×၁၀´)အား ကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

အေးသာယာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၇

24

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြိုဆိုပါတယ် ပညာရေးစုံညီပွဲတော် သီချင်းဖြင့် မိဘ၊ ဆရာ၊ ကျောင်းသား တို့က သီဆိုသရုပ်ပြတင်ဆက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်အစိုးရ အနေဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် ကျောင်းအဆင့်များ တိုးမြှင့်ပေးနေသလို မိဘများ အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကိုရောက်ရှိရေး၊ အခြေခံပညာပြီးဆုံးသည်အထိ ပညာသင်ကြားရေး တို့ကို ကူညီဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းကိုရောက်ရှိလာသည့် ကလေးတိုင်း ကျောင်းနေပျော်ပြီး စာတတ်အောင်၊ အတန်းအဆင့်အလိုက် သတ်မှတ်ပြဌာန်းထားသည့် သင်ရိုးများ ကြေညက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ အများနှင့်စုပေါင်းဆောင်ရွက်တတ်အောင်၊ ပရဟိတ လုပ်ငန်းများ ဆောင်ရွက် တတ်အောင်၊ ယဉ်ကျေးလိမ္မာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် အလေး အနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးအလေ့အကျင့်ကောင်းများလည်း သတ်မှတ်စာသင်ချိန်များတွင် အလေးအနက်ထား သင်ကြားပေးရန် လိုအပ် ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းမှန်မှန်တက်ရောက်ခြင်း၊ မိဘများနှင့် ဆရာ/ ဆရာမများကို ကူညီခြင်း၊ သူငယ်ချင်း အချင်းချင်းရိုင်းပင်းကူညီခြင်းစသည့် ကျောင်းသားများ၏ တာဝန်ကို ကျေပွန်စွာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နေ့စဉ်သင်ကြားနေသည့် သင်ခန်းစာများအပေါ်တွင် စဉ်းစားတွေးခေါ်ပြီး တီထွင်နိုင်သည့် စွမ်းရည်နှင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ၊ အမှားအမှန်ကို ဝေဖန်နိုင်စွမ်းရှိအောင် ဆရာ/ဆရာမများ၊ မိဘများ၏လမ်းညွှန်သင်ပြမှုကို နားခံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လူ့လောကအလယ် တွင် ပညာရဲရင့်ပွဲလည်တင့်ပြီး အောင်ပွဲခံနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာမှာဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ပညာညွှန်ကြားရေးမှူး ဦးဝင်းမောင်က အမှာစကားပြောကြားကာ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်က ကျောင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ကဗျာလွတ်အကဖြင့် အဌမတန်း ကျောင်းသူလေးများမှ သရုပ်ပြတင်ဆက်ခြင်း၊ အာရှသူရဲကောင်းသီချင်း ဖြင့် နဝမတန်းကျောင်းသား/ကျောင်းသူများမှ တင်ဆက်ခြင်း၊ လက်တီးသီချင်းကို ရှမ်းရိုးရာအကဖြင့် တင်ဆက်ခြင်း၊ ထာဝရသစ္စာသီချင်းဖြင့် ကျောင်းသား/ ကျောင်းသူ လေးများက တေးသရုပ်ဖော် တင်ဆက် ခြင်းတို့ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူ တို့သည် အခမ်းအနားတွင် ခင်းကျင်းပြသ ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိသည်။ 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ- ၂၃

23

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marcielမှ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌမှ အမှာစကားပြောကြားကာ ပြည်နယ်လူမှုရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ကွင်းအတွင်းသို့ ဘောလုံးကန် ဖွင့်လှစ်ပေးပြီး အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 115 guests and no members online

Latest Updates