Articles

လေလံကြော်ငြာအမှတ်-၂/၂၀၁၉-၂၀၂၀ (MSME) သာမန်/(သတ-ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား)များအား သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)သို့ ရောင်းချခြင်း

လေလံကြော်ငြာအမှတ်-၂/၂၀၁၉-၂၀၂၀ (MSME) သာမန်/(သတ-ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား)များအား သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)သို့ ရောင်းချခြင်း


Finance239Finance240Finance241Finance242Finance243

(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင် - ၈

137

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၇)ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Covid-19ရောဂါဖြစ်ပွားနေသော်လည်း အာဇာနည်နေ့ကို လက်ဆင့်ကမ်းအမွေအဖြစ် နှစ်စဉ်နှစ်စဉ်မပြတ်ဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းပြောကြား သွားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီ များဖြစ်သော အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ပင့်ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း‌ရေးလုပ်ငန်း ကော်မတီအသီးသီးတို့မှ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ လွယ်ဟောင်ကျေးရွာ ကုန်းမြင့် လယ်ယာအား ကြည့်ရှုစစ်ဆေး

ရပ်စောက် ဇူလိုင် - ၆

136

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ဟောင်ကျေးရွာတွင် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ထားရှိမှုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေးကြည့်ရှုမှုတွင် လွယ်ဟောင်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများက ပြည်နယ်ဝန်ကြီး အား ဒေသအတွင်း လိုအပ်လျက်ရှိသော ရေကန်၊ လမ်းကိစ္စရပ်များ တင်ပြတောင်းဆိုခဲ့ရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဖြေကြားကြပြီး လွယ်ဟောင်ကျေးရွာ ကုန်းမြင့်လယ်ယာနှင့် ကုန်းမြင့်လယ်ယာ ပိုလျှံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက်သည့် လွယ်ဟောင်-ရေဖြူလမ်းအပိုင်းနှင့် ကွန်ကရစ်တံတား (၁၈×၁၂×၆)ပေ တံတား(၂)စင်း၊ ညောင်သုံးပင်ကျေးရွာ (VDP) လုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်း (၂၀)ကောင်နှင့် ဒေသနွားပြာစိမ်း အထီး (၁)ကောင် ပေးအပ်

ရပ်စောက် ဇူလိုင် - ၆

132

ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားအား မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန် ရပ်စောက်မြို့နယ်၊ ဟွေး ကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်း(၂၀)ကောင်နှင့် ဒေသနွားပြာစိမ်း အထီး(၁)ကောင် ပေးအပ်ပွဲကို ဇူလိုင် ၅ ရက် နံနက် ၈ နာရီခွဲ၌ ရပ်စောက်မြို့၊ ရေဖြူအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မွေးမြူ ရေးဘဏ်စနစ်နှင့် ဒေသနွား ဖြန့်ဖြူးတယ်ဆိုတာက ဒေသနွား မွေးမြူရေး တိရစ္ဆာန်ကောင်ရေ တိုးပွားရေးအတွက် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန် ဒေသနွားအထီး၊ အမများကို စိစစ်ရွေးချယ်ဝယ်ယူဖြန့်ဖြူးသွားပြီး အစုအဖွဲ့များနှင့် ဆောင်ရွက်ခြင်းကို ခေါ်ပါတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၇၅)သန်းနှင့် စုစုပေါင်း ဒေသနွား ပြာစိမ်းကောင် ရေ (၂၁၀)ကောင်ကို ရှမ်းပြည်နယ်အတွင်း ရှမ်း(ရှေ့)၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်) ဒေသ (၃)ခုရှိ ရပ်စောက်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးနဲမြို့နယ်၊ လားရှိုးမြို့နယ်၊ မိုးမိတ်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်တို့ကို အညီအမျှ ဖြန့်ဖြူးသွားမှာဖြစ်ပါကြောင်း၊ ဖြန့်ဖြူးတဲ့ ဒေသနွားကောင်ရေကတော့ ဒေသနွား ပြာစိမ်းအမ (၂၀)ကောင်နှင့် အထီး (၁)ကောင်၊ စုစုပေါင်း ဒေသနွား ပြာစိမ်း(၂၁)ကောင်ကို မြို့နယ်တစ်မြို့နယ် မှာ ကျေးရွာတစ်ရွာ ဖြန့်ဖြူးပြီး ကျေးရွာတစ်ရွာမှာ အိမ်ထောင်စု(၁၀)စုကို ဖြန့်ဖြူးသွားတာ ဖြစ်ပါတယ်၊ အိမ်ထောင်စု တစ်စုကို ဒေသနွား ပြာစိမ်းအမ (၂)ကောင်နှုန်းနှင့် အိမ်ထောင်စု (၁၀)စု ဖြန့်ပြီး အထီးကိုတော့ အိမ်ထောင်စု (၁၀)စုထဲက တစ်ဦးကို မွေးမြူစေမှာ ဖြစ်ပါကြောင်း၊ မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန်ဒေသနွား လက်ခံရရှိသူက သတ်မှတ်ကာလ (၃)နှစ်ပြည့်လျှင် မူလ ရယူထားတဲ့ တိရစ္ဆာန်ရဲ့ အသက်အရွယ်၊ အရေအတွက်၊ အမျိုးအစား၊ အရွယ်အစားအတိုင်း အခြား မွေးမြူလိုသူတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ်လို့ ကျေးရွာမွေးမြူရေးဘဏ်ကော်မတီကို ပြန်လည်ပြီး တိရစ္ဆာန် အပ်နှံ ပေးရမှာဖြစ်ပြီး မွေးမြူရေးဘဏ်စနစ်နဲ့ တိရစ္ဆာန် လက်ခံရယူ မွေးမြူသူက (အတိုးငွေ) ပေးရခြင်းတော့ မရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချား ကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်လတ်ထံ ဒေသနွား လွှဲပြောင်းပေးအပ်၍လည်းကောင်း၊ ရပ်စောက် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီ အတွင်းရေးမှူး ဦးဇော်မျိုးထံ အသင့်ရောစပ်ပြီး တိရစ္ဆာန်အစာအိတ် အသားတိုးနွားစာ (၅၅)အိတ် လွှဲပြောင်း ပေးအပ်၍လည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ရပ်စောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ မျိုးသန့် (မိုဘားဆား မြက်မျိုးစေ့ထုပ်)ကို ဒေသနွား မွေးမြူသူ ဦးသက်နိုင်ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသနွား(၂၀)ကောင် လက်ခံရယူသည့် ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ မွေးမြူရေးဘဏ် ကော်မတီဝင် ဦးဇော်မင်းလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသနွား လွှဲပြောင်းနေမှုများအား သွားရောက်ကြည့်ရှု၍  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 122 guests and no members online