Articles

ဟိုပုံးမြို့နယ်ဆေးရုံသို့ ဆေးငွေပဒေသာပင်၊ အရေးပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၀၂

HP05

 

HP04

 

HP03

 

HP02

 

HP01

 

 

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌  ဆေးငွေပဒေသာပင်၊ အရေး ပေါ်လူနာတင်ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ၂-၆-၂၀၁၃ ရက်နေ့ နံနက်(၉)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးစံလွင်မှ ဂုဏ်ပြု အမှာစကားပြောကြားပြီး အလှူရှင် ဦးဝေစိုး(ဖြူဇင်ဆောက်လုပ်ရေးကုမ္ပဏီ)မှ လှူဒါန်းရခြင်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး  အလှူရှင်များက ဆေးပဒေသာပင်၊ အရေးပေါ်လူနာတင် ယာဉ်နှင့် ဆေးရုံသုံးပစ္စည်းများကိုလှူဒါန်းပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည်ပေးအပ်ခဲ့ကာ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲ ကျင်းပ

1

 

2

 

3

တောင်ကြီး  မေ ၂၈
အောင်ပန်းမြို့၊ ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲကို မေ(၂၈)ရက်၊ နံနက်(၉)နာရီခွဲက အောင်ပန်းမြို့ အဆိုပါ ဆေးခန်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အောင်ပန်းတိုက်နယ်ဆရာဝန် ဒေါက်တာကောင်းမြတ်က ဂုဏ်ပြုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုDiamond Star Co.Ltd မှ  တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ Light Track မော်တော်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုအလှူရှင် ဦးကျော်မြင့်(ခ) ဦးအွစ္စမန်း ကိုယ်စား ဦးဝင်းအောင်မှ လည်းကောင်း ရှင်းလင်းပြောကြားပြီး ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဂုဏ်ပြုထိုက်သူများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေးသော Diamond Star Co.Ltd ကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယကကိုလူမင်းက Light Track မော်တော်ယာဉ် လှူဒါန်း ပေးသော ကလောမြို့မှ ဦးကျော်မြင့်(ခ) ဦးအွစ္စမန်းကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက ဆေးခန်းသို့ မေတ္တာဖြင့် အခမဲ့ လာရောက်ကုသပေးပါသော တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀)မှ အထွေထွေရောဂါ(အထူးကု)ဆရာဝန် ဒေါက်တာ သိန်းထက်သိန်းကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းမှ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၌ ဖွင့်လှစ်ထားသည့်   Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်ပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာသင်စရိတ်နှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

1

တောင်ကြီး  မေ ၂၇
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းသားသမီးများအား  ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာထောက်ပံ့ပေးအပ်ပွဲကို မေ(၂၇)ရက်၊ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးများက တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင် စရိတ်ထောက်ပံ့ငွေများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ပေးအပ်ရာတွင် တက္ကသိုလ်အဆင့်(၁၀)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်နှစ်သောင်း(၂၀၀၀၀)နှင့် ဗလာစာအုပ်(၂)ဒါဇင်၊ အထက်တန်းအဆင့်(၇)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်တစ်သောင်း(၁၀၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ အလယ်တန်းအဆင့်(၁၁)ဦးအား (၁)ဦးလျှင် ငွေသား ကျပ်ခုနစ်ထောင်(၇၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်၊ မူလတန်းအဆင့်(၁၃)ဦးအား (၁)ဦးလျှင် ငွေသားကျပ် ငါးထောင်(၅၀၀၀)နှင့် ဗလာစာအုပ်ဒါဇင်ဝက်၊ မူကြိုအဆင့်(၄)ဦးအား (၁)ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့် ကျောင်းသားဦးရေ(၄၅)ဦးအတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာ ထောက်ပံ့မှု စုစုပေါင်းတန်ဖိုး ငွေကျပ် ငါးသိန်းနှစ်သောင်းရှစ်ထောင် (၅၂၈၀၀၀)ရှိကြောင်း သိရှိရသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

2

 

3

 

4

 

5

 

6

 

7

 

8

 

9

 

10

 

a

 

b

 

c

 

d

 

တောင်ကြီး  မေ  ၂၇
၂၀၁၃-၂၀၁၄ပညာသင်နှစ်၊ရှမ်းပြည်နယ်၊ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ(၂၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးထူးမြင့်တို့က ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ တင်ဆက်ကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက " ကျောင်းအပ်စို့လေ " သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စာရေးခုံနှင့် ထိုင်ခုံ (၁၂၀)စုံကို ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်က လည်းကောင်း၊ အခြား အလှူရှင်များမှ အလှူငွေနှင့် ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်း ရာ ပညာရေးဌာန တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ကျောင်းသား/ကျောင်းသူလေးများက " ဘက်စုံပညာ " သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(အထက-ခွဲ) တို့အား သွားရောက်၍ ကျောင်းအပ်နှံနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ကို ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 87 guests and no members online

Latest Updates