Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် CNPC South-East Asia Pipeline Company Limited မှ အထွေထွေမန်နေဂျာ Mr.Jiang Chang Liang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

တောင်ကြီး  မေ   ၀၃

 

3

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် CNPC South-East Asia Pipeline Company Limited မှ အထွေထွေမန်နေဂျာ  Mr.Jiang Chang Liang နှင့်အဖွဲ့အား မေလ(၃)ရက် နံနက်(၁၁)နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့သည်။

       

   ထိုသို့တွေ့ဆုံရာတွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး၊ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသရှိ ဒေသခံပြည်သူများ ဓာတ်ငွေ့ထုတ်ယူသုံးစွဲရန် လိုအပ်မှုရှိလျှင် ကုမ္ပဏီမှ ဓာတ်ငွေ့ဖြန့်ဝေရောင်းချပေးရေး၊ သီပေါမြို့နယ် ဘော်ကြို တဝိုက် ဆားလုပ်ငန်းဒေသများတွင် စဉ်ဆက်မပျက် စစ်ဆေးရေးကိစ္စ စီစဉ်ဆောင်ရွက်ရန်၊ နစ်နာကြေး လျော်ကြေးငွေများ မျှတမှုရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

   တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ CNPC မှ  Mr.Jiang Chang Liang နှင့်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီး ဦးတူးမောင် တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲကျင်းပရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၃၀

 

meeting

 

   တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်ခြောက်သားငါးစျေးအား မြို့တော် အင်္ဂါရပ်နဲ့ အညီ အဆင့်မြင့်တင်တည်ဆောက်ရန်နှင့် တောင်ကြီးမြို့ဂုဏ်ဆောင် အဆောက်အအုံကြီးတစ်ခု ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ယင်းကုန်ခြောက်သားငါးစျေးအား အဆင့်မြင့် တည်ဆောက်နိုင်ရန်  အတွက် လုပ်ငန်းလုပ်ကိုင်လိုသူ ကုမ္ပဏီများအား (၈-၁-၂၀၁၃)ရက်နေ့မှစတင်၍ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်သည့် (၂၈-၂-၂၀၁၃)ရက်နေ့ထိ Creation Myanmar ကုမ္ပဏီ၊ ရှမ်းရိုးမဆောက်လုပ်ရေး ကုမ္ပဏီ၊ Maroon Matrix  ကုမ္ပဏီ၊ သီဟကုမ္ပဏီ၊ တောင်ကြီးဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်တော်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ AMT ဆောက်လုပ်ရေးကုမ္ပဏီ စသည့် ကုမ္ပဏီပေါင်း(၇)ခုတို့မှ အဆိုပြု တင်ဒါများတင်သွင်းခဲ့ကြပြီး အာမခံအပ်ငွေ ကျပ်သိန်း(၅၀၀)စီကိုလည်း ပေးသွင်းခဲ့ပြီး ဖြစ်ပါသည်။


    အဆိုပါ ကုမ္ပဏီများအနက်မှ အကောင်းဆုံးဆောင်ရွက်နိုင်မည့် ကုမ္ပဏီအား အများပြည်သူရှေ့မှောက်တွင် စနစ်တကျ ပွင့်လင်းမြင်သာစွာရွေးချယ်နိုင်ရန် တင်ဒါရွေးချယ်ပွဲကို (၃-၅-၂၀၁၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၉-၄-၂၀၁၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ စျေးအကျိုးတော် ဆောင်အဖွဲ့များက တင်ဒါစိစစ်ရွေးချယ်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးတွင် တင်ဒါစိစစ်ရွေးချယ်ရေးနှင့် ပတ်သက်၍ စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စိစစ်ရမည့် အချက်များအပေါ် အခြေခံကာ အဆင့်သတ်မှတ်ချက်များပေး၍ ရွေးချယ်စိစစ်သွားရန် ဆုံးဖြတ် ခဲ့ကြပါသည်။


   ထို့နောက် ကုန်ခြောက်သားငါးစျေး အဆင့်မြင့်တင်တည်ဆောက်ရေးအတွက် တင်ဒါရွေးချယ်ပွဲတွင် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများအား အဖွဲ့(၈)ဖွဲ့ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယင်းအဖွဲ့(၈)ဖွဲ့မှာ −

(၁)    ကုမ္ပဏီများ ခိုင်မာမှုနှင့် တင်ပြသည့် အထောက်အထားများ ပြည့်စုံမှုစိစစ်ရေးအဖွဲ့
(၂)    စျေးအကျိုးအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမည့် အစီအမံများ စိစစ်ရေးအဖွဲ့
(၃)    ဆောက်လုပ်မည့် အဆောက်အဦ၏Design Structure နှင့် နည်းပညာစိစစ်ရေးအဖွဲ့
(၄)    ဆောက်လုပ်မှုအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ဖြည့်ဆည်းပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၅)    သဘာ၀ပတ်၀န်းကျင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေအနေစိစစ်ရေးအဖွဲ့
(၆)    စျေးဟောင်းဖျက်သိမ်းခြင်းနှင့် ယာယီစျေးတည်ဆောက်ပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၇)    စျေးသူစျေးသားများ၏ လိုအပ်ချက်ဖြည့်ဆည်းပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၈)    အခြားစဉ်းစားသင့်သည့် အချက်များ တင်ပြလာမှုအပေါ်စိစစ်ရေးအဖွဲ့ တို့ဖြစ်ပါသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် မျက်စိခွဲစိတ်ကုသမှုခံယူမည့် ဝေဒနာရှင်များအားတွေ့ဆုံအားပေး

တောင်ကြီး  ဧပြီ  ၂၉

 

29.04.2013

 

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်(ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက)၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်  တာဝန်ရှိသူများသည် ဧပြီ(၂၉)ရက် နံနက်(၁ဝ)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခမဲ့ခွဲစိတ်ကုသပေးမည့် မျက်စိဝေဒနာရှင်များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


    ထိုသို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားရာတွင် စဝ်စံထွန်းဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ အဆိုပါ မျက်စိအခမဲ့ခွဲစိတ်ကုသမှုခံယူမည့် တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဆီဆိုင်၊ ဟိုပုန်း၊ ကလောတို့မှ ဝေဒနာရှင်ပေါင်း(၆၂)ဦး ကုသမှုခံယူနေလျက်ရှိကြောင်း သိရှိရသည်။

 

ပြည်နယ်ဝန်ကြီး ဦးတူးမောင်၊ မိုင်းယန်းမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

တောင်ကြီး  ဧပြီ  ၂၆

 

29---1

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည် ဧပြီ(၂၆)ရက် နံနက်(၁ဝ)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်(၈)ရပ်နှင့် ပတ်သက်၍ ရှင်းလင်းလမ်းညွှန်မှာကြားခဲ့သည်။

 

 

29---2

 


   ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် နေ့လည်(၁)နာရီတွင် မိုင်းယန်းမြို့အတွင်းရှိ မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

 

29---3

 


     ၎င်းနောက် ပြည်နယ်ဝန်ကြီးသည် ဧပြီ(၂၈)ရက် ညနေ(၃)နာရီခွဲတွင် မိုင်းဖြတ်မြို့နယ်အတွင်း Grate Five ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဝမ်ပုံ - နမ့်ယွန်း - နမ့်ပန် လမ်းအရှည်(၆)မိုင် လမ်းခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးမှ လမ်းရေရှည်ကြံ့ခိုင်မှုရှိရေး၊ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 78 guests and no members online

Latest Updates