Articles

ကလောမြို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွား

တောင်ကြီး  မေ  ၀၅

 

   မေ (၀၂)ရက်နေ့(၀၁၃၀)တွင် ကလောမြို့ အနောက်ဘက်(၁၈)မိုင်ခန့်အကွာရှိ ရွှေမင်းဖုန်းအုပ်စု၊ ရွှေတော(ကေစီ−၄၀၉၈၈၃၂၁)ရှိ အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေး ရွှေလုပ်ကွက် ပတ်ဝန်းကျင်အနီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ်များ သစ်ပင်ပိရာမှ ဝန်ထမ်းအလုပ်သမား၊ အရပ်သား စုစုပေါင်း(၈)ဦး သေဆုံးပြီး၊ (၃)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


    အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် သစ်ပင်ပိသေဆုံးသူ(၁)ဦး၊ အင်းအတွင်းပိတ်မိသေဆုံးသူ(၅)ဦးတို့၏ အလောင်းများကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး အင်းအတွင်း ပိတ်မိပျောက်ဆုံးနေသူ (၂)ဦးရှိနေကြောင်း သိရှိရပါသည်။ လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာရှကမ္ဘာမြေစက်မှုနှင့် သတ္တုတူးဖော်ရေး ရွှေလုပ်ကွက်ပတ်ဝန်းကျင်၌ သေဆုံးသူစုစုပေါင်း(၁၄)ဦးနှင့် အင်းအတွင်း ပိတ်မိပျောက်ဆုံးနေသူ (၂)ဦးရှိကြောင်း သတင်းရရှိသည်။

 

လားရှိုးမြို့မဈေး တစ်ဝိုက်လမ်းပိတ်ဆို့မှု ရှင်းလင်းဆောင်ရွက်

တောင်ကြီး   မေ  ၀၅

 

a

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြို့မဈေး အကျိုးတော်ဆောင်အဖွဲ့တို့ ပါဝင်သောအဖွဲ့သည် (၂၉-၄-၂၀၁၃)ရက်နေ့တွင် လားရှိုးမြို့မဈေးသို့ ကွင်းဆင်း၍ မြို့မဈေးပတ်လည်ရှိ သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်း တို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှစ်ထပ်ရပ်တန့်မှု မရှိစေရေး၊ မြို့မဈေး ပတ်လည်ရှိ လမ်းဘေး၊ ပလက်ဖောင်းများပေါ်တွင်ကျူးကျော်မှုဈေးသည်များ ရောင်းချမှု မရှိစေရေး အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-


    (က)    မြို့မဈေး သိန်းနီလမ်းရှိ ဆိုင်ကယ်ရပ်နားစခန်းတွင် ရပ်နားလျက်ရှိသော မော်တော်ယဉ်များအား ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် လမ်းဘေး တွင် ရောင်းချလျက်ရှိသော ခေါင်းရွက်ဗျက်ထိုးဈေးသည်များအား ရှင်းလင်းခြင်း၊


    ( ခ)    မြို့မဈေး သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ သစ်သီးအရောင်းဆိုင်  (၄)ဆိုင်မှ မူလလမ်းပေါ်သို့ ကျူးကျော်ခင်းကျင်း ရောင်းချခြင်းအား ရှင်းလင်းခြင်း၊


    ( ဂ)    မြို့မဈေး ဗိုလ်ချုပ်လမ်းရှိ မြို့မဈေးဘယ်ဘက်ခြမ်းတွင် ဆိုင်ကယ်(၂)ထပ် ရပ်နားသည့် နေရာအား (၁)ထပ်သာရပ်တန့်ရေးရှင်းလင်းခြင်း၊


    ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားရာ မြို့မဈေးပတ်လည်ရှိ လမ်းများဖြစ်သည့် သိန်းနီလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဟံသာဝတီလမ်း၊ လမ်းမတော်လမ်းတို့အား ရေစီး ရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် (၁-၅-၂၀၁၃)ရက်နေ့ တွင် ရေမြောင်းများ ဆယ်ယူခြင်း၊ သန့်ရှင်းရေးများ ပြုလုပ်ခြင်းများ ဆောင်ရွက်ပါသည်။


     အဆိုပါ လမ်းများပေါ်တွင် ကျူးကျော်ရောင်းချနေသော သစ်သီးသည်များအား မြို့မဈေး ရွှေကံ့ကော်ရုံအပေါ်ထပ်သို့ ပြောင်းရွှေ့ရောင်းချရန် လားရှိုးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်ပိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမင်းလတ်တို့မှ ဈေးမိ/ဈေးဖများ၊ ဈေးကော်မတီ၊ ဈေးသူ/ဈေးသားများနှင့် ညှိနှိုင်းထားရှိပြီး စည်းကမ်းတကျ ရှင်းလင်းဆောင်ရွက်ကြပါသည်။

 

လားရှိုးမြို့တွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ရေပေးဝေလျက်ရှိ

တောင်ကြီး   မေ   ၀၅

 

1

 

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေတွင်းရေကန်များခမ်းခြောက်လာ သဖြင့် လားရှိုးမြို့ ပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများဖြင့် ကြုံတွေ့လျက်ရှိကြောင်း “(၂၄-၄-၂၀၁၃) ရက်နေ့ Shan New သတင်းနှင့် (၂၅-၄-၂၀၁၃) ရက်နေ့ DVB ရုပ်သံသတင်း”တွင် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

 

011

 

09

 

04

 

03

 

010

 

01

 

05

 

လားရှိုးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ     လားရှိုးမြို့နေ ပြည်သူလူထုအတွက် အောက်ဖော်ပြပါအတိုင်း ရေပေးဝေဆောင်ရွက်လျက်ရှိပါသည်-


     (က)    ရေကန်တောင်ရေပေးဝေရေးတွင် ရေသိုလှောင်မှု ပမာဏမှာ ရေဂါလန်(၈၄၆)သိန်းတွင် လက်ရှိရေသိုလှောင်မှုမှာ (၄၂)သိန်းခန့် သိုလှောင်ထားရှိ။


    ( ခ)    နမ့်ကျန်ဆည်ရေပေးဝေရေးတွင် ရေသိုလှောင်မှု ပမာဏမှာ ရေဂါလန်(၉၅၆)သိန်းတွင်လက်ရှိရေသိုလှောင်မှုမှာ (၉၆.၂၂)သိန်း ခန့် သိုလှောင်ထားရှိပြီး၊ ၎င်းဆည်မှ နေ့စဉ် နံနက်(၈)နာရီမှ (၁၁)နာရီအထိ ရေဂါလန်(၈)သောင်းခန့် ဂိတ်ဘားထိန်းသိမ်း သည့် စနစ်ဖြင့် ရပ်ကွက်(၁၊ ၂၊ ၃၊ ၄၊ ၅)ရှိ စည်ပင်သာယာရေးအဖွဲ့ ပိုင် ရေတိုင်များသို့ အလိုအလျောက် စီးဆင်းသည့်စနစ်ဖြင့် ဖြန့်ဝေ ပေးလျှက်ရှိ ။


    ( ဂ)    နမ့်ဟူးဆည်ရေပေးရေးတွင် ရေသိုလှောင်မှု ပမာဏမှာ ရေဂါလန်(၅၅၀၄)သိန်းတွင် လက်ရှိရေသိုလှောင်မှုမှာ (၂၈၄၃.၂၅)သိန်းခန့် သိုလှောင်ထားရှိပြီး ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းရှိ ဈေးဆိုင်ခန်းများ၊ အိမ်တွင်းမှု သင်တန်းကျောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ (၁)ရက်လျှင် ရေဂါလန်(၃)သောင်းခန့် နေ့စဉ် အလိုအလျောက် စီးဆင်းသည့် စနစ်ဖြင့် ဖြန့်ဝေ ပေးလျှက်ရှိ ။


    (ဃ)    ကောက်ကွေ့ဆည်ရေပေးရေးတွင် ရေသိုလှောင်မှု ပမာဏမှာ ရေဂါလန်(၁၃၆၈၂)သိန်းတွင် လက်ရှိရေသိုလှောင်မှုမှာ (၁၀၆၇၉)သိန်းခန့် သိုလှောင်ထားရှိပြီး ရပ်ကွက်(၁)ရှိ အမြင့်ပိုင်း နေရာများနှင့် ရေကန်တောင်/နမ့်ကျန်ဆည်များမှ ပေးဝေသော ရေမရောက်ရှိသည့် နေရာများသို့ နေ့စဉ် ရေဂါလန်(၁)သောင်းခွဲ ခန့် တွန်းပို့ပေးလျှက်ရှိ ။


    ( င)    မြို့ဝမ်ရေပေးရေး လုပ်ငန်းသည် မြို့ဝမ်ရေထွက်မှရေများကို မော်တာနှင့်ပန့်ဖြင့် ရေဂါလန်(၁)သိန်းဆံ့ ရေစုကန်သို့ တွန်းပို့ပြီး အဆိုပါရေကန်မှတဆင့် ရပ်ကွက်(၁)ပါရမီလမ်းသွယ်များသို့ အလိုအလျောက်စီးဆင်းသည့် စနစ်ဖြင့်လည်းကောင်း၊ ရပ်ကွက်(၁၀)နယ်မြေ(၃၊ ၄၊ ၅၊ ၆၊၇)များသို့ နေ့စဉ် ရေဂါလန် (၁)သိန်းခန့် ဖြန့်ဝေပေးလျှက်ရှိ ။


    (စ)    အလှူရှင် စက်ရေတွင်း(၁၄)တွင်းမှာ ရေပေးဝေမှုတွင် နွေရာသီ ရေရှားပါးမှု မဖြစ်စေရေးအတွက် မြို့ပေါ် ရေရှားပါးသော ရပ်ကွက်၊ အများပြည်သူ ရေသုံးစွဲမှုများသော နေရာနှင့်ရေထွက် နှုန်းများရှိသော နေရာများတွင် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ရပ်ကွက်(၁)စက်ရေတွင်း(၄)တွင်း၊ ရပ်ကွက်(၂) စက်ရေတွင်း(၁)တွင်း၊ ရပ်ကွက်(၄) စက်ရေတွင်း(၁)တွင်း၊ ရပ်ကွက်(၉) စက်ရေတွင်း(၁)တွင်း၊ ရပ်ကွက်(၁၀) စက်ရေတွင်း (၁)တွင်း၊ ရပ်ကွက်(၁၁) စက်ရေတွင်း(၂)တွင်း၊ ရပ်ကွက်(၁၂) စက်ရေတွင်း(၁)တွင်း၊ မြို့မဈေးတွင် စက်ရေတွင်း(၁)တွင်း၊ ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း(၁)တွင်း၊ ကုတင်(၁၀၀)ဆံ့ တပ်မတော်စစ်ဆေးရုံတွင် စက်ရေတွင်း(၁)တွင်း စုစုပေါင်း(၁၄) တွင်းမှ (၁)နာရီလျှင် ရေဂါလန်(၂၇၀၀၀)နှုန်းဖြင့် နေ့စဉ် ရေရယူ သုံးစွဲလျက်ရှိ။

 

    (ဆ)    နားမခေါ်ရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစီအစဉ် ဖြင့် နမ့်ကျန်းရေပေးဝေရေး ပိုက်လိုင်းဖြင့် တိုက်ရိုက်ပေးဝေပြီး နတ်ရေကန်ဘုန်းကြီးကျောင်းမှ ရေပေးဝေနေကြောင်း၊ သောက်သုံးရေ အခက်အခဲမရှိသော်လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် တွင်းတူးစက်ဖြင့် ထပ်မံတူးဖော်  ဆောင်ရွက်လျက်ရှိ။

 

ထို့အပြင် နွေရာသီ သောက်သုံးရေခက်ခဲမှုမရှိစေရေး မြို့နယ်စည်ပင်  သာယာရေးအဖွဲ့ပိုင် ရေကားများဖြင့် ဖြန့်ဝေပေးလျှက်ရှိပြီး မြို့ပေါ်ရှိ ပြည်သူများ သောက်သုံးရေ ခက်ခဲမှုမရှိစေရေး ဌာနဆိုင်ရာများ  ပူးပေါင်းပြီး ဖြန့်ဝေ ပေးလျှက်ရှိကြောင်းနှင့် “လားရှိုးမြို့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နေရ”သည်မှာ မဟုတ်မမှန်ပါကြောင်း အများပြည်သူသိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

 

07

 

06

 

02

 

012

 

08


2

 

3

 

တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်စျေးသစ်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  မေ  ၀၃

 

1

 

2

 

   တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်စျေး သစ်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲကို မေလ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

    ရှေးဦးစွာ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တင်ဒါရွေးချယ်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီ(၇)ခုကို စျေးတည်ဆောက်ရန်ကိစ္စ ရှင်းလင်းတင်ပြရန်အတွက် အစီအစဉ်နံပါတ်ရွေးချယ်မှုအား မဲစနစ်ဖြင့် ရွေးချယ်ပြီး ကုမ္ပဏီများမှ အဆင့်မြင့်စျေးတည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 108 guests and no members online

Latest Updates