Articles

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်း

တောင်ကြီး ဇွန် - ၅

113

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေလှူဒါန်းခြင်းကို ဇွန် ၅ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ဦးလင်းဆိုင်ဥက္ကဋ္ဌ(မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့)မှ ငွေကျပ်သိန်း (၅၀)နှင့် White Orchid Hotel မှ အလှူငွေကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း အသီးသီး ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် MPT ငွေဖြည့်ကဒ်များလှူဒါန်း

တောင်ကြီး ဇွန် - ၄

111

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းခြင်းကို ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT (၁၀၀၀)တန် ခဲခြစ်ငွေဖြည့်ကဒ် (၅၀၀)ကဒ်အား လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လက်ခံရယူ၍ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဓနုတိုင်းရင်းသားလူမျိုးများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ရိက္ခာများ ထောက်ပံ့

ရွာငံ ဇွန်   -   ၃

110

  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ ဗထူးခန်းမ၌ အခြေခံပြည်သူများအား ဇွန်(၃)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ တို့ကို ထောက်ပံ့ပေးကြကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ကမ္ဘောဇဘဏ်လီမိတက်နာယက နှင့် အရာထမ်း/အမှုထမ်းများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၊ ဘုရားကြီးကုန်းကျေးရွာအုပ်စုနှင့် ယကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၂၇၈)စုအတွက် အခြေခံပြည်သူများအား ရိက္ခာထုတ်( ၈၀၀ )ပါ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငွေသားကျပ်(၁)သောင်းစီနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရွှေပေါ်ကျွန်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အား ကန်တော့၍ ဆန်၊ ဆီ ဆပ်ကပ်လှူဒါန်းကြပြီး ဘုန်းကြီးကျောင်းအတွက် ဆန်(၁၅)အိတ်၊ ဆီ(၃)ပုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လိမီတက်နာယကနှင့် အရာထမ်း/အမှုထမ်းများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ် များ၊ ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များသည် ရွာငံဝါးပိုးရေ ဘုန်းတော်ကြီးကျောင်း ရောက်ရှိကာ ဆရာတော်အား ကန်တော့၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို ဆပ်ကပ်လှူဒါန်းကြပြီး ဝါးပိုးရေကျေးရွာ အိမ်ထောင်စု(၇၀)စုအတွက် အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ် (၁)သောင်းစီ ထောက်ပံ့ ပေးခဲ့ကြသည်။ 

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊မဟာရန်အောင်ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ကျောင်းထိုင်ဆရာတော်အား ကန်တော့၍ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို ဆပ်ကပ်လှူဒါန်းပြီး ဘုန်းကြီးကျောင်းအတွက် ဆန်(၁၅)အိတ်၊ ဆီ(၃)ပုံး လှူဒါန်းပေးခဲ့ကြောင်းနှင့် ပင်းတယမြို့၊ စျေးတန်းရပ်ကွက်၊ အိမ်ထောင်စု (၁၅)စုနှင့် ဟော်ကုန်းရပ်ကွက်ရှိ အိမ်ထောင်စု(၁၅)စု၊ စုစု‌ပေါင်း (၃၀)စုအတွက် ရိက္ခာထုတ်(၈၀၀)ပါ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ်( ၁ )သောင်းစီ ထောက်ပံ့ပေးအပ်ကြပြီး ပင်းတယစေတီကြီးပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်အား ကန်တော့ကာ ဆန်၊ ဆီ၊ ကုလားပဲ ဆပ်ကပ်၍ ဘုန်းကြီးကျောင်းအတွက် ဆန်( ၁၅ )အိတ်၊ ဆီ( ၃ )ပုံး လှူဒါန်းပေးခဲ့ကြောင်းနှင့် ပင်းတယမြို့၊ သစ်အယ်ပင်ကျေးရွာရှိ အိမ်ထောင်စု (၁၅)စု၊ ဓနု/တောင်ရိုးတိုင်းရင်းသား အခြေခံ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ်(၁)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လိမီတက် နာယကနှင့် အရာထမ်း/အမှုထမ်းများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကလောမြို့နယ်၊ ဘော်ဆိုင်းရွှေမြစည်ဘုန်းတော်ကြီးကျောင်း သို့ ရောက်ရှိပြီး ဆရာတော်အား ရှိခိုးကန်တော့၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ကာ ဘန်းကြီးကျောင်းအတွက် ဆန်(၁၅)အိတ်၊ ဆီ(၃)ပုံး လှူဒါန်းပေးခဲ့ကြောင်းနှင့် ဘော်ဆိုင်းအထကကျောင်း၊ ကမ္ဘောဇခန်းမတွင် ဘော်ဆိုင်းကျေးရွာ အိမ်ထောင်စု (၈၀၀)စုအတွက် အခြေခံပြည်သူများအား ရိက္ခာထုတ်(၈၀၀)ပါ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ်(၁)သောင်းစီ ထောက်ပံ့ပေးအပ်ကြပြီး ဘော်ဆိုင်းပြည်သူဆေးရုံကို သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ် (၁)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ပြည်သူစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘော်ဆိုင်းကျေးရွာအုပ်စုရှိ သစ်ယားပင်ကျေးရွာ၊ တောင်ပတ်ကျေးရွာ၊ ကျောက်ထပ်ကျေးရွာရှိ အိမ်ထောင်စု (၁၀၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားကျပ် (၁)သောင်းစီ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ဈေးပြိုင်လေလံကြော်ငြာအမှတ်(၂/၂၀၁၉-၂၀၂၀) ( ဒေသဖွံ့ဖြုးရေး) (သတ-ဖ) ကျွန်း/သစ်မာ(သစ်လုံး/တိုင်/ခွဲခြမ်း/သစ်ခွဲသား)များအား ဒေသဖွံ့ဖြိုးရေးသို့ ရောင်းချခြင်း

ဈေးပြိုင်လေလံကြော်ငြာအမှတ်(၂/၂၀၁၉-၂၀၂၀) ( ဒေသဖွံ့ဖြုးရေး) (သတ-ဖ) ကျွန်း/သစ်မာ(သစ်လုံး/တိုင်/ခွဲခြမ်း/သစ်ခွဲသား)များအား ဒေသဖွံ့ဖြိုးရေးသို့ ရောင်းချခြင်းimg150

img151

img152

img153

 

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 134 guests and no members online