Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ လွယ်ဟောင်ကျေးရွာ ကုန်းမြင့် လယ်ယာအား ကြည့်ရှုစစ်ဆေး

ရပ်စောက် ဇူလိုင် - ၆

136

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ဟောင်ကျေးရွာတွင် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ထားရှိမှုအား ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေးကြည့်ရှုမှုတွင် လွယ်ဟောင်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများက ပြည်နယ်ဝန်ကြီး အား ဒေသအတွင်း လိုအပ်လျက်ရှိသော ရေကန်၊ လမ်းကိစ္စရပ်များ တင်ပြတောင်းဆိုခဲ့ရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဖြေကြားကြပြီး လွယ်ဟောင်ကျေးရွာ ကုန်းမြင့်လယ်ယာနှင့် ကုန်းမြင့်လယ်ယာ ပိုလျှံငွေ ကျပ်သိန်း (၁၀၀)ဖြင့် ဆောင်ရွက်သည့် လွယ်ဟောင်-ရေဖြူလမ်းအပိုင်းနှင့် ကွန်ကရစ်တံတား (၁၈×၁၂×၆)ပေ တံတား(၂)စင်း၊ ညောင်သုံးပင်ကျေးရွာ (VDP) လုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်း (၂၀)ကောင်နှင့် ဒေသနွားပြာစိမ်း အထီး (၁)ကောင် ပေးအပ်

ရပ်စောက် ဇူလိုင် - ၆

132

ရှမ်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားအား မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန် ရပ်စောက်မြို့နယ်၊ ဟွေး ကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်း(၂၀)ကောင်နှင့် ဒေသနွားပြာစိမ်း အထီး(၁)ကောင် ပေးအပ်ပွဲကို ဇူလိုင် ၅ ရက် နံနက် ၈ နာရီခွဲ၌ ရပ်စောက်မြို့၊ ရေဖြူအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မွေးမြူ ရေးဘဏ်စနစ်နှင့် ဒေသနွား ဖြန့်ဖြူးတယ်ဆိုတာက ဒေသနွား မွေးမြူရေး တိရစ္ဆာန်ကောင်ရေ တိုးပွားရေးအတွက် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန် ဒေသနွားအထီး၊ အမများကို စိစစ်ရွေးချယ်ဝယ်ယူဖြန့်ဖြူးသွားပြီး အစုအဖွဲ့များနှင့် ဆောင်ရွက်ခြင်းကို ခေါ်ပါတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၇၅)သန်းနှင့် စုစုပေါင်း ဒေသနွား ပြာစိမ်းကောင် ရေ (၂၁၀)ကောင်ကို ရှမ်းပြည်နယ်အတွင်း ရှမ်း(ရှေ့)၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်) ဒေသ (၃)ခုရှိ ရပ်စောက်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးနဲမြို့နယ်၊ လားရှိုးမြို့နယ်၊ မိုးမိတ်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်တို့ကို အညီအမျှ ဖြန့်ဖြူးသွားမှာဖြစ်ပါကြောင်း၊ ဖြန့်ဖြူးတဲ့ ဒေသနွားကောင်ရေကတော့ ဒေသနွား ပြာစိမ်းအမ (၂၀)ကောင်နှင့် အထီး (၁)ကောင်၊ စုစုပေါင်း ဒေသနွား ပြာစိမ်း(၂၁)ကောင်ကို မြို့နယ်တစ်မြို့နယ် မှာ ကျေးရွာတစ်ရွာ ဖြန့်ဖြူးပြီး ကျေးရွာတစ်ရွာမှာ အိမ်ထောင်စု(၁၀)စုကို ဖြန့်ဖြူးသွားတာ ဖြစ်ပါတယ်၊ အိမ်ထောင်စု တစ်စုကို ဒေသနွား ပြာစိမ်းအမ (၂)ကောင်နှုန်းနှင့် အိမ်ထောင်စု (၁၀)စု ဖြန့်ပြီး အထီးကိုတော့ အိမ်ထောင်စု (၁၀)စုထဲက တစ်ဦးကို မွေးမြူစေမှာ ဖြစ်ပါကြောင်း၊ မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန်ဒေသနွား လက်ခံရရှိသူက သတ်မှတ်ကာလ (၃)နှစ်ပြည့်လျှင် မူလ ရယူထားတဲ့ တိရစ္ဆာန်ရဲ့ အသက်အရွယ်၊ အရေအတွက်၊ အမျိုးအစား၊ အရွယ်အစားအတိုင်း အခြား မွေးမြူလိုသူတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ်လို့ ကျေးရွာမွေးမြူရေးဘဏ်ကော်မတီကို ပြန်လည်ပြီး တိရစ္ဆာန် အပ်နှံ ပေးရမှာဖြစ်ပြီး မွေးမြူရေးဘဏ်စနစ်နဲ့ တိရစ္ဆာန် လက်ခံရယူ မွေးမြူသူက (အတိုးငွေ) ပေးရခြင်းတော့ မရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချား ကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်လတ်ထံ ဒေသနွား လွှဲပြောင်းပေးအပ်၍လည်းကောင်း၊ ရပ်စောက် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီ အတွင်းရေးမှူး ဦးဇော်မျိုးထံ အသင့်ရောစပ်ပြီး တိရစ္ဆာန်အစာအိတ် အသားတိုးနွားစာ (၅၅)အိတ် လွှဲပြောင်း ပေးအပ်၍လည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ရပ်စောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ မျိုးသန့် (မိုဘားဆား မြက်မျိုးစေ့ထုပ်)ကို ဒေသနွား မွေးမြူသူ ဦးသက်နိုင်ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေသနွား(၂၀)ကောင် လက်ခံရယူသည့် ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ မွေးမြူရေးဘဏ် ကော်မတီဝင် ဦးဇော်မင်းလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသနွား လွှဲပြောင်းနေမှုများအား သွားရောက်ကြည့်ရှု၍  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရပ်စောက်မြို့၊ ဗထူးစမ်းနှင့် အင်းခေါင်းကန်အတွင်း ငါးမျိုးစိုက်ထည့်ပေး

ရပ်စောက် ဇူလိုင် - ၆

133

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်အတွင်းရှိ ဗထူးစမ်းနှင့် အင်းခေါင်းကန် တို့တွင် ဇူလိုင် ၅ ရက် နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဗထူးတပ် နယ်မှူးနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဗထူးစမ်းအတွင်း ငါးမြစ်ချင်း (၂၀၀၀၀)၊ ရွှေငါး (၂၀၀၀၀)၊မြက်စားငါး(၂၀၀၀၀) စိုက်ထည့်ပေးပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဗထူးတပ်တွင်းရှိ တပ်မတော်ကြည်း (တိုက်ခိုက်ရေးကျောင်း)၊ တပ်မတော်ကြည်း(အတိုက်သင်တန်းကျောင်း၊ ဗထူး) အမှတ်(၁) ဘင်ခရာနှင့် အကြပ်ကြီးသင်ကျောင်း၊ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးကျောင်း အမှတ်(၅၇၇) ခြေမြန်တပ်ရင်း အမှတ်(၅၈၉) ခြေမြန်တပ်ရင်း၊ အမှတ်(၄) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၊ အမှတ်(၅) အလုပ်ရုံတပ်စု (လျှပ်/စစ်) တို့ကို အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အင်းခေါင်းကန်တွင် ဌာနဆိုင်ရာများအား ငါးမျိုးစိုက် ပေးအပ်၍ ငါးမြစ်ချင်း (၃၀၀၀၀)၊ ရွှေငါး (၃၀၀၀၀)၊ မြက်စားငါး (၃၀၀၀၀) ငါးမျိုးစိုက်ထည့်ပေးပြီး တောင်ကွက်သစ်ရပ်ကွက်၊ ကမ္မဋ္ဌာန်းကျောင်းတွင် Facility Quarantine ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး တာဝန်ကျ ဆရာဝန်၊ ဆရာမများအား ပြည်နယ်ဝန်ကြီးမှ အလှူငွေကျပ် (၅)သိန်း ၊ ပြည်နယ် ကျေးလက်ဦးစီးဌာန၊ ပြည်နယ်မှူးမှ အလှူငွေကျပ်(၅)သိန်းနှင့် ဆရာဝန်၊ ဆရာ/ဆရာမများအား လိုအပ်သည့်နေရာတွင် အသုံးပြုရန် အလှူငွေကျပ် (၂)သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်

ရပ်စောက် ဇူလိုင် - ၆

134

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မြေနီကုန်း (SMU) ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ဇူလိုင် ၅ ရက် နံနက်ပိုင်းက Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ် လူထုလှုပ်ရှားမှုအခြေအနေများနှင့် ရပ်စောက်မြို့နယ်၊ ကျေးရွာအုပ်စု (၉)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက် မျိုးစေ့များ ဖြန့်ဖြူးပေးမည့် ယမ်းတွင်းငါးကြောင်ကျေးရွာပေါင်း (၈)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀၀)၊ တစ် ယူနစ်စိုက်ခင်း (၀.၂၅)၊ ဟွေးကျေးရွာပေါင်း (၁၄)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ ပါမဲ ကျေးရွာ ပေါင်း (၅)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ ဖောင်းတောကျေးရွာပေါင်း (၆)ရွာ၊ အိမ်ထောင်စု ပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ မားသဲ ကျေးရွာပေါင်း (၃)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ လွယ်ကိုးကျေးရွာပေါင်း (၅)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ် ယူနစ်စိုက်ခင်း (၀.၂၅)၊ ကောင်းဘို့ကျေးရွာပေါင်း (၇)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ အလယ်ချောင်ကျေးရွာပေါင်း (၁၃)ရွာ၊ အိမ်ထောင်စုပေါင်း (၂၀၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ မကျီးကုန်းကျေးရွာပေါင်း (၁၂)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀)၊ တစ်ယူနစ်စိုက်ခင်း (၀.၂၅)၊ စုစုပေါင်း ကျေးရွာ(၇၃)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၀၀)၊ တစ်ယူနစ်စိုက်ခင်း (၂.၂၅)ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ရပ်စောက်မြို့နယ်တွင် ယခင်နှစ်က စိုက်ဧက(၇၀၀)ကျော် သီးနှံအမယ် (၅)မျိုးအတွက် မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ (၁၂၀)စောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် သရက်သီးနှံ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ (၃၂)စောင်နှင့် ဂျင်းသီးနှံ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ (၂)စောင်၊ စုစုပေါင်း (၃၄)စောင်ကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းမှ Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ (KOICA) ၏ အထောက်အပံ့ဖြင့် (SAEM) စီမံကိန်းမှ ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း၊ မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေး အထောက်အပံ့ ပစ္စည်းများ ပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းလဲ့၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်း၊ ရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့မှ ထောက်ပံ့ပစ္စည်းများအား တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူ ဦးသောင်းညွန့်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 143 guests and no members online

Latest Updates